နှစ်ပေါင်း ၄၀ ကျော်ကြာ ပုန်ကန်မှု တွေကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ ရပြီ ဖြစ်ပါတယ် |
ဖိလစ်ပိုင် နိုင်ငံမှာ ကွန်မြူနစ် သူပုန်တွေရဲ့ ချုံခို တိုက်ခိုက် မှုကြောင့် ရဲ ကွန်မန်ဒို ၇ ဦး သေဆုံး သွားတယ်လို့ ဖိလစ်ပိုင် အာဏာပိုင် တွေက ပြောပါတယ်။
ကာဂယမ်း ပြည်နယ်မှာ ပြည်သစ် တပ်မတော် အဖွဲ့ က သူပုန်တွေ ထောင်ထားတဲ့ မိုင်း တလုံးကို လက်ရွေးစင် အထူး ရဲတပ်ဖွဲ့ဝင်တွေ တင်ထားတဲ့ ယာဉ်တစီးက နင်းမိတာကြောင့် မိုင်းပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်မှာ သူပုန်တွေက ရဲတွေကို ပစ်ခတ် ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
အဲဒီ ပြည်နယ်ဟာ မြို့တော် မနီလာ ကနေ မြောက်ဘက် ကီလို ၄၀ဝ လောက် အဝေးမှာ ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စလို့ ကွန်မြူနစ် သူပုန်တွေရဲ့ ပုန်ကန်မှု တွေကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ ရပြီ ဖြစ်ပါတယ်။
BBC Burmese