http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

PR စနစ် လက်မခံနိုင်ကြောင်း RNDP ဆုံးဖြတ်

Thursday, May 30, 2013
ရခိုင်ပြည်နယ် အမ်းမြို့မှာ ဗုဒ္ဓဟူး နေ့က ပြီးဆုံး သွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ၂ဝ၁၃ နှစ်ပတ်လည် ဗဟို ကော်မီတီ အစည်းအဝေးက ရွေးကောက်ပွဲ PR စနစ်ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။

နောက်ထပ် ရခိုင် ပါတီ တခု ဖြစ်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းရေး အတွက် (၅) ဦးပါ ကော်မီတီ တရပ် ဖွဲ့စည်းခဲ့သလို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်နိုင်ဖို့ တရားဝင် ကမ်းလှမ်း သွားမယ်လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်အောင် ပုဒ်မ တခုချင်းစီ အလိုက် စိစစ် တင်ပြ သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ ပါတယ်။

အခု အစည်းအဝေးမှာ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တစုံတရာ ဆွေးနွေးတာ မရှိသလို အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး လူမျိုးနှစ်မျိုးကို ခွဲခြား ထားတာ အသင့်တော်ဆုံးလို့ ယခင် ချမှတ် ထားတဲ့ သဘောထားကို ပြောင်းလဲတာ မရှိတဲ့ အတွက် ဆွေးနွေး တာတွေ မရှိဘူးလို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ စတင်ခဲ့တဲ့ သုံးရက်ကြာ ဗဟို ကော်မီတီ အစည်းအဝေးမှာ လယ်ယာမြေ ကိစ္စ၊ မဒေးကျွန်း ပြဿနာတွေ စုံစမ်း စစ်ဆေးဖို့ စတဲ့ အကြောင်း အရာ တော်တော်များများ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဗဟို ကော်မီတီဝင် ၆ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
BBC News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com