http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အစာငတ်ခံဆန္ဒပြလုပ်သားတစ်ဦး ဆေးကုသမှု ခံယူ၊ ကျန်သည့်အလုပ်သမားများလည်းကျန်းမာရေး ဆိုးရွား

ရန်ကုန်၊ မေ၃၀။
အစာငတ်ခံဆန္ဒပြနေသည့် စံကောင်းပီနံအိတ်စက်ရုံအလုပ်သမားများထဲမှတစ်ဦး ကျန်းမာရေးအခြေနေဆိုးရွားလာ၍ ယနေ့မနက်ပိုင်းက အင်းစိန်ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်နေရသလို ကျန်သည့်အလုပ်သမားများ၏ ကျန်းမာရေး အခြေအနေ မှာလည်း အနည်းငယ်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းမှ အလုပ်သမားရေးလိုက်လံ ဆောင်ရွက်ပေးနေသူ ဒေါ်မာမာဦးက ပြောကြားသည်။

ဆေးရုံသို့တင်ပို့၍ ဆေးကုသမှုခံယူနေရသူမှာ မအေးအေးမြင့်ဖြစ်ပြီး ၎င်း၏လက်ရှိအခြေနေမှာခေါင်းမူးခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် အစာအိမ် အောင့်ခြင်း အစရှိသည့်ဝေဒနာများကို ခံစားနေရကြောင်း ဒေါ်မာမာဦးက ပြောကြားသည်။

“ ဟိုးနေ့တွေကတည်းက နည်းနည်းစဖြစ်နေတာပါ၊အဲဒါကြောင့် အရင်နေ့တွေက ဆေးခန်းတွေ
သွားပြပေးထားသေးတယ်။ ဒါပေမယ့် ဒီမနက် မှာ ကျန်းမာရေးတော်တော်ဆိုးလာလို့ ဆေးရုံကို
အရေးပေါ်လူနာအနေနဲ့ ပို့လိုက်ရတာဖြစ်ပါတယ်” ဟု ဒေါ်မာမာဦးက မြန်မာ့ခေတ်သို့ ပြော ကြားသည်။

ယခုလ ၂၇ ရက်နေ့မှစတင်ကာ အလုပ်သမားများ၏ ရပိုင်ခွင့်များကိုအလုပ်ရှင်ဘက်ကလိုက် လျော့ပေးရန်အတွက် စက်ရုံရှေ့၌ အစာငတ် ခံကာ ဆန္ဒပြနေကြသည့် အလုပ်သမားများထဲမှ တစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်ဆေးကုသ နေရသလို ကျန်သည့် အလုပ်သမားတချို့တဝက် မှာလည်း ကျန်းမာရေးချို့ယွင်းလာ ၍ဆေးခန်းသို့ပို့ဆောင်ကာ ဆေးကုသမှုများကို ပြုလုပ်နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

ထိုသို့သောအခြေနေကြောင့် လက်ရှိဖြစ်နေသည့်ပြသနာများ ပြေလည်နိုင်ရန် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့စည်းက အလုပ်ရှင်အလုပ်သမား ကြားဝင်ဖြေရှင်းပေးရန်စီစဉ်နေမှုကိုလည်း ကိုလည်း
အလုပ်ရှင်ဘက်က လက်ခံမှုမရှိကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်မတို့က ဒီကိစ္စပြေလည်နိုင်ဖို့အတွက် အလုပ်ရှင်နဲ့ တွေ့ပြီးညှိ့နှိုင်းဖို့ သွားတာဟိုကလက်မခံဘဲ
ကျွန်မတို့ကိုတွေ့ခွင့်တောင်မပေးဘူး” ဟု ဒေါ်မာမာဦးက ပြောကြားသည်။

ယင်းသို့သော အခြေနေကြောင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့စည်းအနေဖြင့် လက်ရှိဖြစ်နေသည့်
အလုပ်ရှင်အလုပ်သမားများ၏အခြေနေနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ တာဝန်ယူဖြေရှင်းပေးမှု
အခြေနေများကို ကွင်းဆင်းလေ့လာပြီး အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။

“ ဖြစ်ခဲ့တဲ့ ပြသနာတွေနဲ့ ဖြစ်နေဆဲပြသနာတွေကြားမှာ အပြစ်ပေးအရေးယူခံရရင်ကျွန်တော်တို့
အလုပ်သမားတွေဘက်ကပဲ၊ အလုပ်ရှင်ဘက် က ဘယ်တော့မှမရှိဘူး။ ဒါကြောင့်နောက်နောင် အလုပ်သမားတွေဘက်က နစ်နာမှုမဖြစ်ဖို့နဲ့ ရပိုင်ခွင့်တွေ အပြည့်ဝရဖို့အတွက်ကို အခုလိုမျိုး လုပ်နေရတာဖြစ်ပါတယ်”ဟု လက်ရှိဆန္ဒဖော်ထုတ်နေမှုနှင့်ပတ်သက်၍ အလုပ်သမားခေါင်းဆောင် ကိုဝင်းထွန်းအောင်က ရှင်းပြသည်။

အဆိုပါ စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားများအနေဖြင့် ၎င်းတို့စက်ရုံတွင်းမှ အလုပ်သမား ၄၀
ကျော်အားအလုပ်မှထုတ်ပစ်သည့်ကိစ္စမှ စတင်ကာ စက်ရုံတွင်းရှိအလုပ်သမားများက မကျေနပ်၍ ယခုလ ၁၁ ရက်နေ့မှ စတင်ကာ ယနေ့ချိန်ထိ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ် လျက်ရှိသည်။
ကျော်ကြီး
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com