http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သက်ခိုင် ဝတ္ထုသည် မင်းဒင်ရဲ့ ၁၅ နှစ်အတွင်း အကောင်းဆုံး ဟုဆို

စာရေးဆရာ မင်းဒင်၏ ”မင်းဒင် ရဲ့သက်ခိုင်” ဝတ္ထုစာအုပ်သည် ၁၅ နှစ် အတွင်း မြန်မာနိုင်ငံ၌ ထွက်ရှိသမျှ ဝတ္ထု စာအုပ်များထဲတွင် အကောင်းဆုံး ဖြစ်ကြောင်း စာရေးဆရာ ဟိန်းလတ် က ချီးကျူးပြောဆိုလိုက်သည်။ ”မြန်မာပြည်မှာ နိုဗယ်မရှိပါ ဆိုပြီး ကျွန်တော်တို့ ပြောနေကြတာ။ ဖတ်စရာ ဝတ္ထုမရှိတာ ၁၅ နှစ်လောက် ရှိပြီ။ အဲဒီမှာ မင်းဒင်ရဲ့ သက်ခိုင်စာအုပ် ဖတ်လိုက်တော့ ကျွန်တော်သာ အမျိုး သားစာပေဆု ရွေးချယ်ရေးကော်မတီ ဖြစ်ခဲ့ရင် ဒီစာအုပ်ကို ဆုပေးမှာအမှန်ပဲ။ ရသမျိုးစုံပါတယ်” ဟု စာရေးဆရာ ဟိန်းလတ်က မေ ၂၃ ရက်က စာရေး ဆရာ မင်းဒင်၏ ဒုတိယစာအုပ် ထုတ် ဝေခြင်း အခမ်းအနားတွင် ထိုင်းနိုင်ငံရှိ စာရေးဆရာ မင်းဒင်အား အွန်လိုင်း (Skype) မှတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

”မင်းဒင်ရဲ့သက်ခိုင်” စာအုပ်သည် တရားဝင်ထုတ်ဝေဖြန့်ချိမှု မပြုမီက တည်းက မြန်မာစာဖတ်ပရိသတ် အ တော်များများ လမ်းဘေးအရောင်းဆိုင် များက ရောင်းသော မိတ္တူစာအုပ်ကို ဝယ်ယူဖတ်ရှုထားကြပြီး ယင်းစာအုပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ယခုလက်ရှိ သက်ရှိများ၏ သမိုင်းအဖြစ်အမျိုးမျိုး ပြောဆိုလျက်ရှိကြသည်။ စာရေးဆရာမောင်သွေးသစ်က လည်း မင်းဒင်နှင့်သက်ခိုင်ဝတ္ထုသည် ဖတ် ခဲ့ဖူးသမျှ အကြိုက်ဆုံးနှင့် ဇာတ်ကောင် များမှာ ပြင်ပတွင် လက်ရှိအချိန် အထိရှိ နေခြင်းက ထူးခြားကြောင်း ပြောသည်။

ထို့အပြင် စာရေးသူကိုယ်တိုင်က မူမမှန်သော ခေတ်ကြီးကို ယုံကြည်သလို ဖြတ်သန်းခဲ့ပုံသာ ဖြစ်သည်ဟု အမှာစာ ရေးသား ထားရာ မြန်မာနိုင်ငံ အမှောင် ခေတ်တစ်ခုမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် နယ်ပယ်အရပ်ရပ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့သူပီပီ စာဖတ်ပရိ သတ်အကြိုက်ဝတ္ထု၊ အတ္ထုပ္ပတ္တိတစ်ခု အဖြစ် စာဖတ်သူများကပါ ချီးကျူးပြော ကြားသည်။စာရေးဆရာမင်းဒင်သည် မင်း ဒင်ရဲ့သက်ခိုင်စာအုပ်ပြီးနောက် ဒုတိယ မြောက်လုံးချင်းစာအုပ်အဖြစ် ”ဖြစ်ပျက် ရှာပုံတော်ခရီးသည်” ဘာသာရေးစာ အုပ်ကို ယခုအခါ ထုတ်ဝေဖြန့်ချိလိုက်ပြီး အဆိုပါ စာအုပ်ဖြန့်ချိခြင်း အထိမ်းအ မှတ်ပွဲကို မေလ ၂၃ ရက်နေ့က ရန်ကုန် မြို့ ၃၇ လမ်းအထက် တစ်ထိပ်တန်း ပညာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။ စာရေး ဆရာမင်းဒင်မှာ ထိုင်းနိုင်ငံဖူးခက်၌ နေထိုင်လျက်ရှိပြီး အဆိုပါစာအုပ်အခမ်း အနားကို တက်ရောက်လာသူများအား အင်တာနက်အွန်လိုင်းမှတစ် ဆင့် မေး မြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ရာ ထူးခြားသည့် စာအုပ်မိတ်ဆက်ပွဲ ဖြစ်ခဲ့ သည်။ စာရေးဆရာ မင်းဒင်က ”မင်းဒင် ရဲ့သက်ခိုင် (၂)” စာအုပ် ဆက်လက် ထွက်လာရန်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။
မိုးမြင့်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com