http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အမျိုးအစား ၃၀ကို ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်

6/May/2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းအမျိုးအစားပေါင်း ၃၀ ခန့်ကို ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးလုပ်ငန်းပိုင်း၌ လုံခြုံရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းပါဝင် ညှိနှိုင်းပေးရန် မေတ္တာရပ်ခံကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက နေပြည်တော်၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား www.mcit.gov.mm ၌ လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများ၌ မိုဘိုင်းတာဝါတိုင်များ စိုက်ထူခြင်း၊ မိုဘိုင်းစနစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်ဂြိုလ်တု လွှင့်တင်ခြင်း အစရှိသည့် လုပ်ငန်းများအပြင် Call Center လုပ်ငန်း ဆောင်ရွက်ခြင်း၊ PCO လုပ်ငန်း ဆောင်ရွက်ခြင်း၊ FTTH ဖိုင်ဘာလိုင်းများ ဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ၄င်းအပြင် ဒေတာစင်တာလုပ်ငန်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် တယ်လီဖုန်းအဝင်အထွက် ခေါ်ဆိုမှုများ ဆက်သွယ်ပေးခြင်း အစရှိသည့် လုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
khitlunge

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com