http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး

Monday, May 6, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတဝှန်း ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွားခဲ့သဖြင့် ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှတဆင့် သိရသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကိုယ်မင်းကိုယ်ချင်း ရပ်ကွက် ကိုယ်မင်းကိုယ်ချင်းလမ်း ၅ နောက် အမှတ် ၅၄ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ထို ကာလအတွင်း မီးလောင်မှုများမှာ မီးဖိုမီး ၂၅၅ ကြိမ်၊ ပေါ့ဆမီး ၃၀၀ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၁၂၇ ကြိမ်၊ မသမာသူရှို့မီး ၁၁၉ ကြိမ်၊ တောမီး ၁၀၅ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် ဖြစ်ပွားခဲ့၍ အိမ်ခြေအဆောက်အဦ ၃,၇၇၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၃၈ လုံး၊ သေဆုံးသူ လူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၆၆ ဦး၊ မီးဘေးဒုက္ခသည် ၁၂,၁၄၂ ဦးနှင့် တိရိစ္ဆာန် ဆုံးရှုံးမှု ၂,၅၀၂ ကောင် ရှိခဲ့သည်။

“မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ရတဲ့ မီးလောင်မှုတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ သတိမပြု၊ ဂရုမစိုက်မိတဲ့ ပေါ့ဆမီး ဟာ ၆၅ ရာခိုင်နှုန်းကျော် ရှိတယ်” ဟု ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့တွင်
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က မှတ်ချက်ပြု ပြောဆိုသွားသည်။

လေးလ အတွင်း မီးလောင်မှု ကြိမ်ရေ အများဆုံး ဖြစ်ခဲ့သည့် မန္တလေးတိုင်းတွင် ၁၃၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁,၀၃၆ ဒဿမ ၇၅ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ဒုတိယမြောက် ကြိမ်ရေ အများဆုံးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ရန်ကုန်တိုင်းတွင် ၁၀၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁၉၇ ဒဿမ ၀၄ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

“မီးလောင်မှုတွေ အများအားဖြင့်က လျှပ်စစ်နဲ့ ပတ်သက်တဲ့ မီးလောင်မှုတွေ ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့တွေက တအိမ်တက်ဆင်း စစ်ဆေးတာတွေ ဆော်သြတာတွေ လုပ်နေတဲ့ကြားက ပေါ့ဆမှု တွေရှိနေတုန်းပဲ၊ မီးမမှန်တာ တွေ၊ မီးပြတ်တဲ့အချိန်မှာ မီးကို ပြန်မပိတ်တာကနေ မီးလောင်မှု ဖြစ်တယ်။ အရည်အသွေး မပြည့်မီတဲ့ ဝါယာကြိုးတွေ၊ လျှပ်စစ် ပစ္စည်းကိရိယာတွေ သုံးလို့ မီးလောင်မှု ဖြစ်တာ များတယ်” ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးမှူး ဦးကြည်ဝင်း က ပြောသည်။

ကြိမ်ရေ အနည်းဆုံး ဖြစ်ခဲ့သည့် ကယားပြည်နယ်တွင် ၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂ ဒဿမ ၇၈ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

နေပြည်တော်တွင် ၉၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂၄ ဒဿမ ၃၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ကျန် ပြည်နယ်နှင့်တိုင်းများအလိုက် လေးလတာအတွင်း မီးလောင်ကျွမ်းမှု ကြိမ်ရေနှင့် ဆုံးရှုံးရမှု တန်ဖိုးမှာ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၃၅ ဒဿမ ၆၄ သန်းဖိုး၊ ကရင်ပြည်နယ်တွင် ၁၆ ကြိမ် ကျပ် ၁၈ ဒဿမ ၁၃ သန်းဖိုး၊ ချင်းပြည်နယ်တွင် ၁၂ ကြိမ် ကျပ် ၁၅၇ ဒဿမ ၉၇ သန်းဖိုး၊ စစ်ကိုင်းတိုင်းတွင် ၉၂ ကြိမ် ကျပ် ၂၅၀ ဒဿမ ၈၈ သန်းဖိုး၊ တနင်္သာရီတိုင်းတွင် ၂၉ ကြိမ် ကျပ် ၆၂ ဒဿမ ၂၇ သန်းဖိုး၊ ပဲခူးတိုင်းတွင် ၈၃ ကြိမ် ကျပ် ၁၉၂ ဒဿမ ၆၂ သန်းဖိုး၊ မကွေးတိုင်းတွင် ၈၆ ကြိမ် ကျပ် ၂၇ ဒဿမ ၉၃ သန်းဖိုး၊ မွန်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၆၇၂ ဒဿမ ၄၈ သန်းဖိုး၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ် ကျပ် ၃၄ ဒဿမ ၅၃ သန်းဖိုး၊ ရှမ်းပြည်နယ်တွင် ၇၈ ကြိမ် ကျပ် ၆၂ ဒဿမ ၈၃ သန်းဖိုးနှင့် ဧရာဝတီတိုင်းတွင် ၆၃ ကြိမ် ကျပ် ၂၄ ဒဿမ ၄၇ သန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ယခင်နှစ်က အလားတူ လေးလ ကာလနှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ကြိမ်ရေ ပိုမို များပြားလာခဲ့သော်လည်း ဆုံးရှုံးမှု တန်ဖိုးမှာ ထက်ဝက် လျော့နည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မီးလောင်မှု ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅,၄၇၂ ကျော် ဖြစ်ခဲ့ရသည်။
နန်းမြင့်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com