http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမေရိကန်က အီဂျစ်ကို စီးပွားရေးပြုပြင်ပြောင်းလဲရန်ဖိအားပေး၊ အကူအညီများပြောင်းလဲမှုပေါ် မူတည်မည်ဟု ဆို

အက်ဒစ်အာဘာဘာ၊မေ ၂၅။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အီဂျစ်နိုင်ငံအနေနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မြန်ဆန်စွာလုပ်ရန်ပါက နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့မှ ချေးငွေဒေါ်လာ ၄.၈ဘီလျံရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီသည် အီဂျစ်သမ္မတမိုဟာမက်မော်စီနှင့် အာဖရီကသမဂ္ဂဆွေးနွေးပွဲတွင် စနေ့နေ့က တစ်နာရီကြာတွေဆုံခဲ့ကာ ဆီးရီးယားပြည်တွင်းစစ်၊ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ၊ အီဂျစ်မှ လူအခွင့်အရေးကိစ္စများ နှင့် နိုင်ငံ၏ယိမ်းယိုင်နေသည့် စီးပွားရေး အခြေ အနေတို့ကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်အရာရှိက ဆိုသည်။

အီဂျစ်နိုင်ငံမှ အစ္စလာမ္မစ်အစိုးရသည် ဆိုးဝါးသောစီးပွားရေးကြောင့် နိုင်ငံတကာငွေးကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)၏ အထောက်အပံ့ကို ရရှိရေးတွင် အတားအဆီးရှိနေရာ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြင့် လူမှုဘဝမတည်ငြိမ်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်။

သို့သော် ၂၀၁၁အစောပိုင်းသမ္မတဟောင်း ဟော့စနီမူဘာရက်ကိုဖြုတ်ချပြီးချိန်ကစ၍ နိုင်ငံရေးမတည်ငြိမ်မှုနှစ်နှစ်ခန့်ဖြစ်ပွားပြီးချိန်တွင် အိုင် အမ်အက်ဖ်သဘောတူညီချက်ရရှိပါက ရင်းနှီးမြှပ်နှံသူများနှင့် အလှူရှင်များပါဝင်လာမည်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အီဂျစ်
အဓိက စီးပွားရေးဖြစ်သည့် ခရီးသွားလုပ်ငန်းကို ကျဆင်းစေခဲ့သည်။

မစ္စတာကယ်ရီသည် အမေရိကန်မဟာမိတ်အစ္စရေး၏  အိမ်နီးချင်းနိုင်ငံဖြစ်သည့် အီဂျစ်အား စီးပွားရေးအထောက်အပံ့များ ထပ်မံလုပ်ဆောင် ရမည် ဖြစ်ကြောင်း အမေရိကန် ဥပဒေရေးဆွဲသူများအားဆွဲခေါ်နိုင်ရန် ပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်း အငြင်းအခုန်ပြုခဲ့ရသည်ဟု အမည်မဖော်သည့် အမေရိကန်အရာရှိက ပြောကြားသည်။

“သူက  ပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိလုပ်ဆောင်နေတဲ့ဟာတွေကို အိုင်အမ်အက်ဖ်အကူအညီရဖို့ သင့်လျော်တဲ့ လိုအပ်ချက်တွေ ပြည့်မှီ တဲ့ ရောက်အောင်လုပ်ရမယ်လို့ တိုက်တွန်းခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၃ရက်နေ့ ကိုင်ရို ပထမဆုံးခရီးစဉ်တွင် သမ္မတအား အမေရိကန်သည် ၎င်းတို့ဘက်မှတောင်းဆိုသည့် ဒေါ် လာသန်း ၄၅၀ အစား သန်း၁၉၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်ငွေများသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မူတည်ကာ ပေးအပ်သွားမည်ဖြစ်ကြောင်း ယခု အီသီယိုးပီးယားမြို့တော်တွင် တွေ့ဆုံစဉ် ပြောကြားသည်။

“မစ္စတာကယ်ရီက ကျွန်တော်တို့ဟာ သင့်လျော်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတယ်ဆိုတာ ကွန်ဂရက်ကို ပြသနိုင်ဖို့လိုတယ်၊ ကျွန်တော်ဟာ အီဂျစ်အတွက် လုံးဝထောက်ပံ့သူဖြစ်တယ်၊ အီဂျစ်အတွက်အကူအညီတွေလည်းဆက်လက်ထောက်ပံ့သွားမယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ပြုပြင်ပြောင်းလဲမှုကိုတွေဖို့လိုပါတယ် အဲဒါမ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုဒီကိစ္စကိုဆောင်ရွက်ဖို့ ဆွဲ ခေါ်လာနိုင်မှာပါ လို့ပြောတယ်” ဟု အရာရှိတစ်ဦးက ပြောကြားသည်။

မစ္စတာကယ်ရီသည် အမေရိကန်ဆီးနိတ်တွင် နှစ်သုံးဆယ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

အီဂျစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်း ဝါရှင်တန်မှ စစ်ရေးထောက်ပံ့မှုတွင် လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော် အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးချိန်မှစ၍ ဒေါ်လာ ၁.၃ ဘီလျံ ရရှိထားပြီး ဖြစ်သည်။

၎င်းအကူအညီများသည် အီဂျစ်စီးပွားရေးပြုပြင်ပြောင်းလဲမှုကို သက်ရောက်မှုမရှိပေ။
Ref:Reuters
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com