http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နည်းပညာအကူအညီများ လိုအပ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌပြောကြား

ရန်ကုန်၊မေ၂၅။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သာမက နည်းပညာ အကူအညီကိုပါ ပေးရန်လိုအပ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် ကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌဦးဆက်အာင်က မေလ ၂၅ရက်နေ့တွင် ပြုလုပ်သောသီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံမှ အများပိုင်ကုမ္ပဏီ ကိုးခုစုပေါင်းထားသော ကုမ္ပဏ တစ်ခုနှင့်င့် ဂျပန်နိုင်ငံမှ  ကုမ္ပဏီသုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအတွက် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(HDR)တွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဘယ်လောက်ပဲ အလုပ်အကိုင် အခွင့်အလမ်းတွေပေးပေး  ဒေသခံတွေ လက်လှမ်းမမီတဲ့ ပြသနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုပေးပေး ကောင်းမွန်စွာ လုပ်နိုင်တဲ့ အလုပ်သမားတွေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် HDR အတွက် နည်းပညာ ပေးမယ်ဆိုရင် ဒီလုပ်ငန်းအတွက် ကောင်းမွန်စေမယ့် အချက်ပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်(EIA) လုပ်ငန်းများကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ပြီး သြဂုတ်လတွင် အပြီးသတ်နိုင်ရန်ခန့်မှန်းထားကြောင်း သိရသည်။

ဂျပန်နိုင်ငံကုမ္မဏီဘက်မှ ကိုယ်စားလှယ် တစ်ဦးကလည်း”သဘာဝပတ်ဝန်းကျင် အတွက် (EIA)ကို ကောင်းတဲ့ရလဒ်ကိုစောစောစီးစီး ရရှိအောင် ကျွန်တော်တို့ဘက်က အားထုတ်သွားမှာပါ” ဟု ပြောကြားသွားသည်။

အဆိုပါ မြန်မာ အများပိုင်ကုမ္မဏီများနှင့် ဂျပန်ကုမ္မဏီသုံးခု နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား သီလဝါ အထူးစီးပွားရေးဇုန်တွင် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com