ရန်ကုန်၊ မေ ၂ ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်တို့အပေါ် ဥပဒေများမှ ထိန်းချုပ်မှုများကို ပြုပြင်ပြောင်းလဲမှုရှိရန် လိုအပ်ကြောင်း Forum-Asia မှ ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်ရေး တိုးတက်မှုများရှိကြောင်း၊ သို့သော် လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊
စုဝေးခွင့်များ ရှိသော်လည်း ဥပဒေတွင် ချုပ်ကိုင်မှုများ ရှိနေကြောင်း၊ ဥပမာ – ဆန္ဒထုတ်ဖော်မှု
ခွင့်ပြုမိန့်များ တောင်းခံခြင်းကို ဥပဒေအရ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ပြန်လည်ထိန်းချုပ်ထားကြောင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွင် ဆန္ဒထုတ်ဖော်သူများ၏ လုံခြုံရေး အရသာဖြစ်သင့်ကြောင်း East Asia Programme Officer John Liu က ပြောကြားသည်။
“နိုင်ငံတကာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့မှာ စုဝေးပြီး ငြိမ်ချမ်းစွာ စီတန်းလှည့်လည်ခွင့်တွင်
ပါဝင်သူ (၉)ဦးကို ပုဒ်မ ၁၈နဲ့ တရားဆွဲတယ်။ တရားဆွဲတာကလဲ တစ်ခုထဲကို မြို့နယ် ဆယ်ခုကနေ
တရားဆွဲတာဆိုတော့ တစ်ခုထဲကို ဆယ်ခါခံရတဲ့ သဘောမှာ ရှိနေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လူအခွင့်အရေး ကော်မရှင်များရှိသော်လည်း ၎င်းတို့၏ အလုပ်များကို အပြည့်အဝ
ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ အင်အားသုံးဖြိုခွင်းမှုများတွင်လည်း အင်အားကို လိုအပ်သလောက်သာ
အသုံးချရန်၊ UN မှ ချမှတ်ထားသော စည်းကမ်းများတွင် ပါရှိသောလက်နက်များကိုသာ အသုံးပြုရန်၊
ထိခိုက်နာကျင်သူများရှိလျင် အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် အမြန်ဆုံး အကြောင်းကြားသင့်ကြောင်းတို့ကို
ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ အစိုးရသို့ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့်
စီတန်းလမ်းလျှောက်ခွင့် ဥပဒေတွင် နိုင်ငံတစ်ကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ကန့်သတ်ချုပ်ချယ်သည့်
ပုဒ်မအားလုံးဖျက်သိမ်းရန်၊ လက်ရှိဥပဒေ ပြောင်းလဲရေး ကြိုးပမ်းမှုများတွင် ကုလသမဂ္ဂ လူ့အခွင့်ရေး
မဟာမင်းကြီးရုံး (OHCHR) ထံမှ နည်းပညာ အကူအညီ ရယူရန် စသည့်အချက်များကို ၎င်းတို့၏ အကြံပြု
တိုက်တွန်းချက်များတွင် ဖော်ပြထားကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်
လူ့အခွင့်အရေး တိုးတက်သလို ဥပဒေပြင်ရန်လည်း လိုအပ်
Labels:
ပြည်တွင်းသတင်း