မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင်မေ၅ရက်နေ့ ညနေလေးနာရီခန့်က မင်္ဂလာဆောင်သို့လာသော မိသားစုခြောက်ဦးပါကားတစ်စီး မြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါကားမှာ အပြန်တွင် နောက်သို့ဆုတ်ရာ ရှေ့ဂီရာနှင့်နောက်ဂီရာမှားပြီးလီဗာပုတ်လိုက်ရာမှ ရှေ့မြောင်းထဲသို့ထိုးကျသွား ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ချို့က ပြောသည်။
ထို သို့ထိုးကျသွားခြင်းကြောင်း ကားပေါ်တွင် ပါဝင်သူ မိသားစုခြောက်ဦးလုံး ကြီးကြီးမားမားထိခိုက်ဒဏ် ရာရရှိခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
" တော်တော်ကံကောင်းပါတယ်။ ကားပေါ်မှာ ကလေးတွေလည်းပါတယ်။ ကလေးနှစ်ယောက်နဲ့ အပျို ပေါက်အရွယ်ကောင်မလေးနှစ်ယောက်ပါတယ်။ အဖေရယ် အမေရယ် ထင်တယ်။ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့မတွေ့ဘူး" ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ဖိုးလပြည့်
Popular Myanmar News Journal