May 6, 2013
လက်ရှိ အစိုးရစစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ၀ ဒေသကို ဦးတည်နေတာဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတနဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
ဒီဗွီဘီ
စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော
Labels:
ပြည်တွင်းသတင်း