May, 2013
(၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တွင် တောခေါင်းဇော်မင်းထွန်းခေါ် ဖိုးဇော်သည်နေအိမ်မှ ပျောက်ဆုံး သွားခဲ့ရာမှကလေး-သဖန်းအိုင်ရွာ သွားကားလမ်းဘေးတောထဲတွင် ဖိုးဇော်၏အလောင်းကိုပြန်လည် တွေ့ရှိခဲ့သောအမှုတွင် တရားခံ ဖော်ထုတ်နိုင်ရေးကိုအပူတပြင်း ကြိုးစားဆောင်ရွက်ဖော်ထုတ်ခဲ့ပါ သော်လည်း ယခုဧပြီလ ကုန်ရောက်သည့်တိုင် တရားခံမပေါ်ခဲ့ပဲ ဆက်စက်သဲလွန်စများပါပျောက် ဆုံးနေခဲ့ရာမှ ယခုအခါတယ်လီဖုန်း ဆက်သွယ်မှုမှ တဆင့်တရားခံ ကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“အမှုစစ်ဆေးတဲ့ရဲအုပ်တွေ တောင်အပြောင်းအလဲတွေဖြစ်ကုန်ပြီ အမှုကမပေါ်ဖြစ်နေတာ သေဆုံး သူဖိုးဇော်မှာ တယ်လီဖုန်းဆိုင်ကယ်ပါသွားတယ်။ ပစ္စည်းတွေအားလုံး ပါပျောက်နေတာ သေဆုံးသူရဲ့ အိမ်ကလည်းဆက်သွယ်ရေးဌာနက နေဖုန်းအဆက်အသွယ်တွေကိုစုံစမ်း ဖုန်းဆက်သွယ်မှုဖြတ်တောက် ထားတာတွေဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့မေလဆန်းတုန်းကတော့ သေဆုံးသူရဲ့ညီမက တယ်လီဖုန်း နံပါတ်ပြန်လျှောက်ပြီး တယ်လီဖုန်းကို ပြန်အသုံးပြုခဲ့တယ်။
အဲဒီမှာ သေဆုံးသူရဲ့ဖုန်းနံပါတ်နှင့် သာစည်ရွာ ဦးအောင်ဝင်းက ကိုးမိုင်ရွာဦးအေးလွင်ကို အဆက် အသွယ်လုပ်ရာမှ သေဆုံးသူရဲ့ ညီမ၊ မသိတာဝင်း ဆီကိုဖုန်းဝင်လာတာဖြစ်ပါတယ်။ အမှန်ကသေဆုံးသူရဲ့ ဖုန်းကို လူသတ်တရားခံက သာစည်ဦးအောင်ဝင်းဆီမှာ (၁၅၀၀၀၀)နှင့် ပေါင်ထားခဲ့တာလို့ပြောတယ်။ အဲဒီ သဲလွန်စကနေတရားခံကိုဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်”ဟု သက်ဆိုင် ရာတာဝန်ရှိတစ်ဦးမှ ကလေးမြို့ တောခေါင်းအသတ်ခံရမှုနှင့် ပတ်သက်၍ပြောသည်။
ယခုလူသတ်မှုသည် အဝေးမှ လာရောက်ကြံစည်သတ်ဖြတ် ခြင်းမဟုတ်ပဲသေဆုံးသူဖိုးဇော်နှင့် အတူတွဲနေသူ ကလေးမြို့အောင် မင်္ဂလာရပ်ကွက်၊ တစ်ရက်ကွက် တည်းအတူနေ ပန်းရံလုပ်ကိုင်သူဦး သိန်းထိုက်ဝင်းမှ လက်တောက်ခုံမှ ငြင်းခုံမှုကိုအခြေတည်ပြီး လူသတ် မှုဖြစ်ရကြောင်း သိရသည်။ ယခု အခါကလေးမြို့ရဲတပ်ဖွဲ့မှလိုအပ် သလိုအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ
The Hot News
(၅) လခန့် အစနေသော လူသတ်တရားခံ တယ်လီဖုန်းဆက်သွယ်မှုမှ ဖမ်းဆီးရမိ
Labels:
မှုခင်း