http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နဝဒေးတံတားအောက်မှ လူသတ်မှုအား တရားလို ရပ်ကွက်သားများအား စစ်ဆေး

ပြည်၊ မေ ၁၉။
မေလ(၁၈)ရက်နေ့ ညနေ၅နာရီတွင် ပြည်မြို့ နဝင်းနယ်မြေ ရွှေလက်လှရပ်ကွက်တွင် နေထိုင်သူ ငါးဦးအားခလရ(၇၅) စစ်တပ်မှ တပ်နယ် မြေကျူးကျော်မှုအား မေးမြန်းရန် အကြောင်းပြ ခေါ်ဆောင်ခဲ့ပြီး စရဖတောင်ပေါ်တွင် နဝဒေးတံတားအောက်မှ ဧရာဝတီမြစ်ကမ်းနား သောင်ပြင် လူသတ်မှုအားခေါ်ယူမေးမြန်းခဲ့ကြောင်း ရွှေလက်လှရပ်ကွက်မှ သိရသည်။

“တပ်နယ်မြေကျူးကျော်မှုနဲ့ ပတ်သတ်ပြီး မေးမြန်းချင်တယ်ဆိုပြီး ခေါ်သွားတယ်။
နယ်မြေခံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က  ကိုအေးကိုနဲ့ ကျော် ဆန်းဦးကော ပါတယ်။
ကောင်းကောင်းမွန်မွန်ပါဘဲ။ ဟိုကျတော့ တံတားအောက်က လူသတ်မှုကို စစ်တယ်။ နောက်နေ့ တစ်နာရီကို ပြန်ခေါ် ထားသေးတယ်”ဟု ခေါ်ယူစစ်မေးခံရသူ ကိုအသေးလေး မိသားစုက ပြောကြားသည်။

ကိုချမ်းမြေ့၊ ကိုစန်းလှိုင်၊ ကိုစိုးမင်းထွေး၊ ကိုထိပ်ကြီး၊ ကိုအသေးလေးတို့ ငါးဦးကို ခေါ်ယူစစ်မေးခဲ့ပြီး
ည(၈)နာရီခွဲအချိန်တွင် ပြန်လွှတ်ခဲ့ ကြောင်း လွန်ခဲ့သော သုံးရက်ခန့်က ခေါ်ယူစစ်ဆေးခံရသူ
ကိုတင်မိုးဇော်ဆိုသူမှာ ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်း၏ ဇနီးမနီလာထံမှ သိ ရသည်။

“လက်ရှိ ဖမ်းထားတဲ့ တင်မိုးဇော်ဆိုတဲ့လူနဲ့ အခင်းဖြစ်တဲ့ညက ခင်ဗျားတို့နဲ့ အတူရှိလား။ စက်ဘီးပေါင်တာသိလား။ အဲဒီညက သူနဲ့မင်းတို့ အရက် အတူသောက်တာ ဟုတ်လား။ တံတားအောက်က အမှုနဲ့ ပတ်သတ်ပြီး မေးတာပါ။ တံတားအောက်က ကောင်မလေးဖြစ်တဲ့ သတင်း ကြားလား။ အဲဒါလောက်ပါဘဲ”ဟု ခေါ်ယူစစ်ဆေးမေးမြန်းခံရသူ ကိုချမ်းမြေ့က ပြောကြားသည်။

၎င်းတို့အား စစ်တပ်မှ ဟိုင်းလတ်ကား အဖြူရောင်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ပြီး အရာရှိတစ်ဦးနှင့်
အခြားလေးဦးမှ စစ်ဆေးခဲ့ကြောင်း၊ တစ်ဦးကို တစ်နာရီကြာ စစ်မေးခဲ့ကြောင်း၊ အဆိုပါ တင်မိုးဇော်မှာ ရွှေလက်လှရပ်ကွက်နေသူဖြစ်ပြီး အခင်းဖြစ်နေရာအနီး southernstar စားသောက်ဆိုင်မှ
ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မေလ (၁၉)ရက် မွန်းလွဲ(၁)နာရီခန့်တွင် ကိုတင်မိုးဇော်၏ ဇနီးမြင့်ဉ္ဇူ၊ ကိုသက်ဆွေ၊ ကိုဖိုးပါသုံးဦးအား
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအေး ကို နေအိမ်တွင် ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ ကိုတင်မိုးဇော်ဆိုသူအား ကျောက်ပန်းတောင်းရဲစခန်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နဝင်းနယ်မြေ
ရပ်ကွက်အုပ်ချုပ်ရေးဦးနေလင်းက ပြောကြားသည်။

“သေချာတော့ မသိဘူး။ ကိုယ့်ရပ်ကွက်က လူဆိုတော့ ကျွန်တော်က ခေါ်ပေးရတယ်။ မေးပြီးပြန်လာမှ ပထမရက်ကမေးတယ်ဆိုတာ သိရ တယ်။ တံတားအောက်က အမှုကိုစစ်တာပါ။ စစ်တပ်က သုံးယောက်လာမေးတာ။ စစ်တာ မဟုတ်ပါဘူး။ မေးမြန်းစုံစမ်းတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နဝဒေးတံတားအောက် လူသတ်မှုအား အတူပါ မိန်းကလေးဖခင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ၎င်းနေထိုင်သောရပ်ကွက်အတွင်းမှ ကိုတင်မိုးဇော်အား (၄)ရက်တိုင် ထိန်းသိမ်းထားပြီး ရွှေလက်လှရပ်ကွက်မှ (၈)ဦးအားခေါ်ယူစစ်မေးပြီးဖြစ်ကြောင်း ရွှေလက်လှရပ်ကွက်မှ သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com