http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကာကွယ်ရေးကဏ္ဍတွင် လာဘ်စားမှု ပပျောက်ရေး ပြုလုပ်မည်ဟု အိန္ဒိယဝန်ကြီးချုပ် ကတိပြု

နယူးဒေလီ၊ မေ ၂၃။
အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းက လာဘ်စားမှု မကောင်းသတင်းများကြောင့် ၎င်းတို့အစိုးရအဖွဲ့အား
နှုတ်ထွက်ရေး အသစ်တဖန် တောင်းဆို မှုများ ရင်ဆိုင်နေရရာ မန်မိုဟန်ဆင်းက ကာကွယ်ရေးကဏ္ဍတွင် လာဘ်စားမှုပပျောက်ရေးပြုလုပ်မည်ဟု ယနေ့ ကတိပြုပြောကြား လိုက် သည်။

ဝန်ကြီးချုပ်က လက်နက်ဝယ်ယူခြင်းများနှင့် အခြားစစ်တပ်လုပ်ဆောင်မှုများတွင် ပိုမို ပွင့်လင်းမြင်သာ၊ အဆင်ပြေ ထိရောက်အောင် လုပ် ဆောင်မည်ဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်ချက်မှုများကို ထိခိုက်မှု ပိုမိုနည်းပါးရေးတို့ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

“သင့်လျော်တဲ့ ကာကွယ်ရေးပြင်ဆင်မှုဟာ ကောင်းမွန်တဲ့ကာကွယ်ရေးကဏ္ဍ စုဆောင်းရေးပေါ်လစီတွေပေါ်မှာ လုံးဝမှီတည်ပါတယ်”ဟု နယူးဒေလီအနီးရှိ ဂါဂေယွန်မြို့ အိန္ဒိယ၏ပထမဆုံးကာကွယ်ရေးတက္ကသိုလ် အုတ်မြစ်ချပွဲတွင် မစ္စတာဆင်းက ပြောကြားသည်။

“ကျွန်တော်တို့တွေ့အဲဒါတွေကို အသေးစိတ်လေ့လာခဲ့ပြီးတော့ အဲဒီပေါ်လစီတွေကို ဆက်လက်ပြုပြင်ပြောင်းလဲနေပါပြီ၊ ကာကွယ်ရေးကဏ္ဍ စုဆောင်းမှုမှာ အဖြောင့်မတ်ဆုံးစံကို ဆက်လက်ရှာဖွေပါမယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရက အီတလီမှ ရဟတ်ယာဉ်များဝယ်ယူသည့် စာချုပ်အတွက် လာဘ်စားသည့် မကောင်းသတင်းပေါ်ပေါက်လာမှုကြောင့် လက်နက်ဝယ် ယူရေး လုပ်ငန်းစဉ်အသစ်ကို ဆွဲရန်ပြင်ဆင်ပြီးကြောင်း
မတ်လတွင် ပြောကြားခဲ့သည်။

အီတလီကုမ္ပဏီဖင်မက်ကန်နီကာမှ ရဟတ်ယာဉ် ၁၂ စင်း ဝယ်ယူမည့် အမေရိကန်ဒေါ်လာ ၇၄၈ သန်းတန်စာချုပ် သေချာရရှိစေရန် လာဘ် ပေး ခဲ့သည်ဟူသောစွပ်စွဲချက်ကြောင့် လူထု ဒေါသထွက်ခဲ့ရပြီး ဖေဖော်ဝါရီလတွင် စစ်ဆေးမှုလုပ်ဆောင်ရေးနှင့် ကာကွယ်ရေးစာချုပ်ကို ရပ်ဆိုင်းထားရေးကို တောင်းဆိုခဲ့ကြသည်။

၎င်း ရဟတ်ယာဉ်ကြီးများဝယ်ယူမှုစာချုပ်အကြောင်း စစ်ဆေးမှုတွင် ရဲများက လေတပ်အကြီးအကဲဟောင်း၏ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကုမ္ပဏီလေးခုဆက်နွယ်မှုရှိကြောင်း အစောပိုင်း စုံစမ်းမှုရလာဒ်တွင်ဖော်ပြပြီး အနောက်နိုင်ငံမှ လေးခုနှင့် အိန္ဒိယကုမ္ပဏီခုနှစ်ခု လာဘ်စားမှု စွပ်စွဲခံခဲ့ရသည်။

အီတလီရှေ့နေက ၎င်းရဟတ်ယာဉ်ဝယ်ယူမှုသေချာစေရေးအတွက် ကုမ္ပဏီမှ အိန္ဒိယအရာရှိများကို အမေရိကန်ဒေါ်လာ ၆၄ သန်းခန့် ပေးရ မည်ဟု သံသယရှိခဲ့ကြောင်း အီတလီ သတင်းများတွင်ပါရှိသည်။

နယူးဒေလီဘက်မှ အီတလီကုမ္ပဏီအားပေးချေရမည့် ငွေကို လက်ဝယ်ကိုင်ထားပြီး အကယ်၍ ၎င်းလာဘ်ပေးမှုကို ဖော်လျှင် စာချုပ်ကို ဖျက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

အိန္ဒိယသည် ရဟတ်ယာဉ်သုံးစင်း ဝယ်ယူပြီးဖြစ်ကာ ၂၀၁၄တွင် ကျန်ရဟတ်ယာဉ်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။

လာမည့်နှစ်မေလတွင် ပြန်လည်ရွေးကောက်ခံရမည့် ကွန်ဂရက်ပါတီသည် မကောင်းသတင်းများနှင့်
ဆက်တိုက်ကြုံတွေ့နေရသည်။

ယခုလအတွင်းတွင် ဝန်ကြီးနှစ်ဦး နှုတ်ထွက်ခဲ့ပြီး တစ်ဦးသည် လက်ဆောင်ပဏ္ဍာယူမှုတွင်
ပါဝင်ကြောင်းစွပ်စွဲခံရသောကြောင့် ဖြစ်ပြီး အခြား တစ်ဦးမှာ လာဘ်ပေးလာဘ်ယူမှုကြောင့် နှုတ်ထွကခဲ့ရသည်။

ကာကွယ်ရေးကဏ္ဍမှ မကောင်းသတင်းသည် အစိုးရအနေနှင့် ဆက်သွယ်ရေးနယ်ပယ်မှ
ဈေးဖြတ်ရောင်းချခြင်းအတွက် စွဲချက်နှင့် ကျောက် မီးသွေးတွင်းမှ ဘဏ္ဍာငွေအမြတ်ငွေခွဲဝေယူမှုများအတွက် အမျိုးသားစာရင်းစစ်၏စွပ်စွဲချက်ကို တုံ့ပြန်တိုက်ခိုက်နေရချိန်တွင် ဖြစ်ပွားခြင်း ဖြစ် သည်။
Ref:CNA
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com