http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆီးရီးယားသူပုန်များကို အကူအညီတိုးမြှင့်သွားမည်

အန်မန်၊ မေ ၂၃။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက သမ္မတအယ်အာဆတ်အား ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး အကယ်၍ နိုင်ငံရေးအပြောင်းအလဲ အတွက် မညှိနှိုင်းလျှင် အတိုက်အခံများကို ထပ်တိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း ယနေ့ သတိပေးပြောကြားသည်။

ယခုသတိပေးမှုသည် ပြည်တွင်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးကွန်ဖရင့်၏ပုံစံကို သဘောတူညီရေး အာမန်မြို့တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ် သည့် ဆီးရီးယားမိတ်ဆွေများအုပ်စု ဆွေးနွေးပွဲမှ
ထုတ်ပြန်ခြင်းဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်သည် သုံးနှစ်အတွင်းရောက်ရှိနေပြီဖြစ်ကာ လူ၉သောင်း ၄ထောင်သေဆုံးခဲ့ပြီဖြစ်သည်။

အမေရိကန်နှင့်ရုရှားတို့သည် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားကို တစ်ဘက်စီမှ ထောက်ခံကြသော်လည်း ကျင်းပမည့်နေရာနှင့် ရက် အတိအကျမသိရသေးသော နောက်လပြုလုပ်မည့် ကွန်ဖရင့်တွင် စစ်ဖြစ်ပွားနေသောဘက်နှစ်ဘက်ကို ပေါင်းစည်းနိုင်ရေး မျှော်လင့်နေကြ သည်။

“ကျွန်တော်တို့တွေဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ဖို့ သမ္မတအာဆတ်ကို တောင်းဆိုမယ်၊ အဲဒါဟာ အရေးကြီးတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ဆွေးနွေးပွဲမတိုင်မီ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး နာဆာဂျူဒတ်နှင့် ပူးတွဲသတင်းကွန်ဖရင့်တွင် ပြောကြားသည်။

၎င်းဆွေးနွေးပွဲအပြီးတွင် ဆီးရီးယားမိတ်ဆွေများအုပ်စုမှ ဝန်ကြီး ၁၁ဦးသည် သမ္မတအာဆတ်အတွက်
ပြင်းထန်သည့်ရွေးချယ်မှုတစ်ခု ချပြခဲ့ သည်။ သမ္မတအာဆတ်နှင့် အပေါင်းအပါများသည် ၎င်းတို့၏
လက်များပေါ်က သွေးစွန်းနေမှုကြောင့် ဆီးရီးယားအနာဂါတ်တွင် ပါဝင်မည့် အခန်းကဏ္ဍ မရှိတော့ကြောင်း ဝန်ကြီးများက ဆိုသည်။

အကယ်၍ အစိုးရသည် အစိုးရအပြောင်းအလဲကို ညှိနှိုင်းလုပ်ဆောင်ရန်ငြင်းဆန်လျှင် အတိုက်အခံများအား ထောက်ပံ့နေသည်များကို တိုးမြှင့် ပေးရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“ဂျနီဗာဆွေးနွေးပွဲကြောင့် အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ဖူးတာကို ဝန်ကြီးတွေက ခုလိုချိန်ထိ
အရေးပေးပြောကြတယ်၊ အတိုက်အခံကိုတော့ ထောက်ပံ့မှုတိုးပေးသွားမှာပါ၊ ပြီးတော့ လိုအပ်ရင်
အခြားလုပ်ဆောင်မှုတွေလည်း လုပ်ဆောင်သွားမယ်” ဟု အဆုံးသတ် ထုတ်ပြန်ချက်တွင် ပြောကြားသည်။

အမေရိကန် အရာရှိတစ်ဦးအနေနှင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဝါရှင်တန်အစိုးရ၏ အတိုက်အခံများထံ လက်နက်များ မပေးပို့လိုခြင်းကို ရှင်းထုတ်နိုင်ပြီဖြစ်ကြောင်း အတိအကျပြောကြားမည် မဟုတ်ပေ။

“ အတိုက်အခံတွေကို ထောက်ပံ့တာဟာ ညှိနှိုင်းပြီးတဲ့ နိုင်ငံရေးအခြေချဖို့ သေချာအောင် လုပ်ဆောင်မယ့်နည်းလမ်း ရရှိရေးအတွက် အရေး ပါတဲ့နည်းလမ်း ဆိုတာ နိုင်ငံတိုင်းထောက်ခံတယ်” ဟု အမည်မဖော်လိုသော အရာရှိတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့တွေ သမ္မတအာဆတ်ရဲ့တွက်ချက်မှုကို ပြောင်းလဲရေးဟာအရေးပါတယ်
ပြီးတော့သူရဲ့တွက်ချက်မှုကို ပြောင်းလဲဖို့ အာဏာချိန် ညှိမှုကိုလည်း ပြောင်းလဲရမယ်ဆိုတာ ကျွန်တော်တို့ ပြောကြားခဲ့တာ ကြာပါပြီ ဒါကြောင့် ကျွန်တော်တို့တွေဟာ အတိုက်အခံတွေကို ထောက် ပံ့ပေးမယ်၊ ထောက်ပံ့ပေးတဲ့ ရည်ရွယ်ချက်ကလည်း အဲဒီချိန်ညှိမှုကို ပြောင်းလဲရေးဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးများသည် နှစ်နာရီခန့်တွေ့ဆုံခဲ့ကြပြီး အာမန်ဟိုတယ်တွင်တံခါးပိတ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကာ
ဆီးရီးယားအမျိုးသားညွန့်ပေါင်းဥက္ကဌနှင့် အတိုက်အခံခေါင်းဆောင်နှစ်ဦးတို့နှင့် သုံးနာရီကြာဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် နိုင်ငံခြားမှ တိုက်ခိုက်ရေးအဖွဲ့များ၊ ဟက်ဇဘိုလာစစ်သွေးကြွများနှင့် အီရန်ကျောထောက်နောက်ခံပြုသည့် ဒမက်စကတ်အစိုးရ အဖွဲ့၏ တိုက်ခိုက်မှုများကိုလည်း ပြင်းစွာဝေဖန်ခဲ့ကြသည်။

သမ္မတအာဆတ်အား စိတ်မရှည်နိုင်တော့သည့်  ပြင်သစ်သမ္မတ ဟော်လန်ဒီနှင့် ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းတို့က ဆီးရီးယားအတိုက် အခံများကို လက်နက်ထောက်ပံ့ရေးအတွက် ၎င်းတို့၏ တောင်းဆိုမှုကို ဥရောပမှ ထောက်ခံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

“ကျွန်တော်တို့တွေက အတိုက်အခံအဖွဲ့ဟာ ဆီးရီးယားပြည်သူတွေရဲ့အသံကိုယ်စားပြုဖြစ်စေဖို့အတွက် လက်နက်ပိတ်ဆို့ထားတာကို ဖွင့်ပေး ဖို့ ပြင်ဆင်ပြီးပါပြီ” ဟု ပါရီတွင် မစ္စတာကင်မရွန်းက
သတင်းထောက်များအား ပြောကြားသည်။

ယခုဂျော်ဒန်တွင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျော်ဒန်၊ ကာတာ၊
ဆော်ဒီအာရေဗျ၊ တူရကီ၊ ယူအေအီးနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ
တက်ရောက်ခဲ့ကြသည်။

နောက်လတွင်ကျင်းပဖွယ်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် အတိုက်အခံဘက်သာမက အစိုးရဘက်ကပါ အတိအလင်း ပြောကြားထားခြင်း မရှိသေးပေ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကမူ ပြင်သစ်သည် ဟက်ဇဘိုလာစစ်အုပ်စုကို ဆီးရီးယားနိုင်ငံတွင်းတိုက်ခိုက်မှုကြောင့် အစွန်းရောက်အုပ်စုအဖြစ် ဥရောပသမဂ္ဂမှ နာမည်ပျက်စာရင်းသွင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com