http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်လာဈေးကျပ် ၁၀၀၀ ဖြစ်ခဲ့ရင်

ဒေါ်လာဈေးအား ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟု ပြောခဲ့သည့်နောက် ဒေါ်လာဈေး ဆက်တိုက် ထိုးတက်သည်။

ဘဏ်ရုံးချုပ် အပါအ၀င် ဘဏ်ခွဲ ၉ ခုသာရှိသော မြန်မာနိုင်ငံသားများ ဘဏ်သည် ဗဟိုဘဏ်၏ နေ့စဉ် အမေရိကန်ဒေါ်လာ လေလံပွဲတွင် ရက်ဆက်ဆိုသလို အင်အားကြီး ပုဂ္ဂလိကဘဏ်များ ပေးနိုင်သည့် ဈေးထက်များစွာ ပိုပေးကာ ထိပ်ဆုံးမှ လေလံအောင်နေသည်။

ထိပ်ဆုံးမှ လေလံအောင်သူသည် မိမိဝယ်လိုသည့် ပမာဏအတိုင်း ဗဟိုဘဏ်မှ ၀ယ်ခွင့်ရသည်။ ဒေါ်လာအများစုမှာ ဘဏ်ခွဲ ၉ ခုသာ ရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်လက်ဝယ် နေ့စဉ်နီးပါး ရောက်သွားသည်။

အခြားဘဏ်များသည် လိုသလောက် ၀ယ်မရဘဲ ဗဟိုဘဏ်မှ ရောင်းပေးသည့် ပမာဏသာရသည်။ ဘဏ်ခွဲမြောက်များစွာဖြင့် လည်ပတ်နေသည့် ဘဏ်များ၌ ဒေါ်လာ လိုသလောက် ၀ယ်မရသည့် အခြေအနေကို ဖန်တီးလိုက်သည့် အသွင်ဆောင်နေသည်။

ဈေးကွက်အတွင်း ၀ယ်လိုအားအတိုင်း မပေးနိုင်သည့်အတွက် ဒေါ်လာဈေး တက်သွားသည်။ ဗဟိုဘဏ်မှလည်း ဈေးမထိန်းဘဲ နေ့စဉ်ရက်ဆက် ငွေလဲနှုန်းကို မြှင့်တင်ဆွဲတင် သတ်မှတ်ပေးခဲ့သည်။

လျှပ်စစ်မီး မလုံလောက်မှုကြောင့် ကုန်ထုတ်လုပ်သူများ ဒီဇယ်ဆီကို မဖြစ်မနေ သုံးနေချိန်၊ ကားအစီးရေ များပြားလာသည့်အတွက် စက်သုံးဆီ ပိုမိုတင်သွင်းနေရချိန်တွင် နေ့စဉ်ဈေးကွက်အတွင်း စက်သုံးဆီ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး သုံးနေရသည့် ကာလတွင် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အား တစ်ရက်လောက် လုပ်လိုက်နိုင်သည်နှင့် ဈေးဆွဲတင်ချင်သူများ အတွက် မလွဲမသွေ အခြေအနေကောင်းကို ဖန်တီးပေးပြီးသား ဖြစ်သွားသည်။

ကျပ် ၁၀၀၀ အထိမရောက်သေးဘဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည် . . .

ဗဟိုဘဏ်၏ နေ့စဉ်ဈေးတိုးမြှင့် နေမှုကြောင့် ဒေါ်လာဈေးထပ်တက်မည် စိုးသည့်အတွက် ဒေါ်လာလိုအပ်သည့် လုပ်ငန်းရှင်များ ကြိုဝယ်မှုများပြားပြီး မလိုအပ်ဘဲနှင့် ဈေးကွက်လိုအပ်ချက် ပိုမိုမြင့်တက် သွားရပြန်သည်။

ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်သွားမှ ဈေးဆွဲတင်တာ မဟုတ်၊ ဈေးကွက် ၀ယ်လိုအားကြောင့် တက်ခြင်းဟု တာဝန်ရှိသူများရော၊ ၀င်ကစားသူများပါ ကာကွယ်ပြောဆိုခဲ့ကြသည်။

သို့သော် မပြေးသော်လည်း ကန်ရာရှိ အခြေအနေ အရပ်ရပ်သည် တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဈေးဆွဲတင်နေသည်ဟု ပြော၍ရနိုင်သည့် အနေအထားသို့ ဦးတည်သွားသည်။

မေ ၁၃ ရက်က တစ်ဒေါ်လာ ၉၀၄ ကျပ်၊ မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၂၉ ကျပ်ဖြင့် သုံးရက်အတွင်း ဗဟိုဘဏ်မှ ၂၅ ကျပ်အထိ ဈေးဆွဲတင်လိုက်သည်။

ပြင်ပဈေးကွက်တွင် မေ ၁၆ ရက်က တစ်ဒေါ်လာ ၉၃၇ ကျပ် အထိ မြင့်တက်သွားပြီး ပုံမှန်လည်ပတ်နေသည့် ဈေးကွက် ကမောက်ကမ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်လိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် နောက်ပိုင်း ၁၃ လကျော် ကာလအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၀၀ ၀န်းကျင်မှ မေ ၁၇ ရက်တွင် တစ်ဒေါ်လာ ၉၃၅ ကျပ်အထိ တစ်ဒေါ်လာ ကျပ် ၁၃၀ ၀န်းကျင် မြင့်တက်သွားသည်။

ကျပ် ၁၀၀၀ အထိ မရောက်သေး ပဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီ ဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည်။

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် မကြာမီ သယ်ယူပို့ဆောင် စရိတ်မြင့်တက်မှုပေါ် အခြေခံကာ စားသောက်ကုန်အချို့ ဈေးတက်တော့မည်။

လက်ရှိ၌ပင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၀၀ စတင်ဈေးတက်ပြီး စားသုံးသူ အများပြည်သူကို ထိခိုက်စ ပြုပြီဖြစ်သည်။

ဈေးတက်သည့်အတွက် ပို့ကုန်လုပ်ငန်းများ ကောင်းလာမည်ဟု ဆိုသော်လည်း မွေးမြူသူများ ငါးမမွေး နိုင်သည့်အချိန်၊ တောင်သူများ လက်ထဲသီးနှံ မရှိချိန်ဖြစ်၍ အချည်းနှီး ဖြစ်နေသေးသည်။

အဆိုးရွားဆုံး အချက်အနေဖြင့် တက်သင့်တက်ထိုက်သည့်နှုန်း မဟုတ်ဘဲ ခုန်တက်သည့်အတွက် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနအားလုံး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည့် နိုင်ငံတော် စီမံကိန်းများအပေါ် အနည်းနှင့်အများ ထိခိုက်တော့မည်။

စီမံကိန်းများအတွက် ၀န်ကြီးဌာန အသီးသီးမှ ဘတ်ဂျက်ရေးဆွဲ တင်ပြချိန်တွင် ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်းလောက်ဖြင့် တွက်ချက်တင်ပြထားကြခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများမှသုံးမည့် ငွေပမာဏ တစ်ခုတည်းသည်ပင် ကျပ်ဘီလျံ ၇၇၂၀ ဒသမ ၈၂၀ ကျော် (ကျပ် ၈၆၀ နှုန်းဖြင့် ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈ ဘီလျံ) အထိရှိသည်။

စီမံကိန်း အများစုမှာလည်း ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အများဆုံး အသုံးပြုနေကြခြင်း ဖြစ်သည်။

ယခု တစ်ဒေါ်လာ ၉၃၅ ကျပ်ဖြင့် တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၆ ဘီလျံသာ ရှိတော့သည့်အတွက် ဒေါ်လာဈေး မြင့်တက်မှု အချက်တစ်ချက်တည်းကြောင့် ဒေါ်လာ သန်း ၇၂၀ အလို အလျှောက် လျော့ကျသွားပြီဖြစ်သည်။

စီမံကိန်းများအတွက် မူလမှန်းထားသည့် ကုန်ကျငွေ ပမာဏထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ လိုအပ်သွားသည့် သဘောဖြစ်သည်။

ယင်းမှာ ၉၃၅ ကျပ်နှုန်းဖြင့်သာ ဖြစ်ပြီး အကယ်၍ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်ပစ်လိုက်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ ကျော် လိုအပ်သွားမည့် အနေအထားဖြစ်သည်။

အမေရိကန်ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းအထိ မြင့်တက်ရမည်ဖြစ်ပြီး တည်တည်ငြိမ်ငြိမ် နှုန်းတစ်ခုဖြင့်သာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်သာ တစ်ဆင့်ချင်း တက်သင့်သည်ဟု ဘဏ်လုပ်ငန်းရှင်များက နိုင်ငံတကာ ငွေကြေးဈေးနှုန်း အပြောင်းအလဲများအပေါ် အခြေခံ ပြောကြားကြသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေး မြင့်တက်မှုသည်ပင် ကျပ် ၈၇၀ မှ ၉၃၅ အထိ တွက်ချက်လျင် ၈ ရာခိုင်နှုန်းနီးပါး တက်ခဲ့ခြင်းဖြစ်သည်။

တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဆိုလျှင် တစ်နှစ်အတွင်း ကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း မြင့်တက်မှုသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိသွားပြီး ဖြစ်သင့်သည့်၊ တက်သင့်သည့်နှုန်းထက် များစွာမြင့်မားနေမည် ဖြစ်သည်။

နိုင်ငံတကာရွှေဈေး ကျဆင်းနေသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ နိုင်ငံတကာတွင်ပါ မြင့်တက်နေသည်။ သို့သော် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်သာ အမြင့်ဆုံးတက်သည်။ မြန်မာနိုင်ငံတွင်သာ ပုံမှန်နှုန်းထက် မြင့်မားစွာ ထိုးတက်နေခြင်း ဖြစ်သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ယခင် တစ်ဘတ် ၂၉-၃၀ ကျပ် မှ ယခု ၃၂ ကျပ် အထိဖြစ်လာပြီး ယွမ်ဈေးမှာလည်း တစ်ယွမ်လျှင် ၁၄၀ မှ ယခု ၁၄၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်သည်မှာ အမှန်တကယ် ဈေးကွက်အရ မြင့်တက်ခြင်း သို့တည်းမဟုတ် နိုင်ငံအတွက် မြင့်တက်သင့်၍ မြင့်တက်ခြင်းဆိုလျင် အကျိုးပိုရှိနိုင်သော်လည်း ကစား၍ လည်းကောင်း၊ လူနည်းစုအတွက် လည်းကောင်း ရုတ်တရတ် မြင့်တက်ခြင်း ဆိုလျှင်မူ ထိခိုက်မှုများ ပိုများနိုင်သည်ကို သတိပြုသင့်သည်။ ဘဏ်လုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များကမူ တက်သင့် တက်ထိုက်သည်အထိ တည်ငြိမ်စွာ မြင့်တက်ခြင်း၊ ငွေကြေး တန်ဖိုးအား တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည်သာ နည်းလမ်းအမှန်ဟု သုံးသပ်ထားကြသည်။
credit: ( အိမ်၊ ခြံ၊ မြေ ဂျာနယ် ), အလင်းသစ် မီဒီယာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com