http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဒေါ်လာသန်း ၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဘန်ကောက်တွင် ဖမ်းဆီးရမိ

23 May 2013

ဘန်ခွန်ခရိုင်ရှိ ကွန်ဒိုအခန်းများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ

"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဘတ်သန်း ၁၅၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၁ ရက်က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ခွန်ခရိုင်အတွင်းရှိ ကွန်ဒိုအဆောက်အအုံ တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၁ ရက်က ၀င်ရောက်စီးနင်း ရှာဖွေစဉ် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးမှာ ဘတ်သန်း ၁၅၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်) ရှိပြီး ယင်းမှာ ထိုင်းနိုင်ငံအတွင်း နေရာတစ်ခုတည်း၌ ဖမ်းဆီးရမိမှုများတွင် တန်ဖိုးအများဆုံးနှင့် အကြီးကျယ်ဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်သည်။ ယင်းမူးယစ်ဆေးဝါးများမှာ မက်သာဖက်သမင်းဆေးတောင့် ၄ ဒသမ ၅ သန်းနှင့် မက်သာဖက်သမင်း ခရစ်စတယ် ၆၀ ကီလိုဂရမ်တို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးများကို ချင်းရိုင်မှတစ်ဆင့် ဘန်ကောက်မြို့တွင်းသို့ သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းမူးယစ်ဆေးများမှာ "၀" မူးယစ်ကွန်ရက်က ထုတ်လုပ်ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံး (ONCB) ၏ အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ်ပွန်ချာရွန်က ပြောကြားထားသည်။

သတင်းအရ ရဲများက ဆွိုင်ဖိုခယူအရပ်ရှိ ပီရာဖိုခယူ အဆောက်အအုံ၏ အခန်းအမှတ် ၃၀၂ နှင့် ၃၂၀ တို့ကို ၀င်ရောက်ရှာဖွေရာတွင် အ၀တ်ဗီရို တစ်ခုအတွင်းမှ ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရဲများက ၀င်ရောက်ရှာဖွေစဉ်တွင် အသက် ၂၂ နှစ်အရွယ် ဆူသီချိုင်းကာမ၊ အသက် ၂၀ အရွယ် ဆင်ကရူပူနှင့် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ဖမ်းမိခဲ့သည်။

ဖမ်းမိခဲ့သူ သုံးဦးမှာ အဆိုပါ မူးယစ်ဆေးဝါးများကို စောင့်ရှောက်ရန်အတွက် ငှားရမ်းထားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့၌ပင် ဘန်ကောက်မြို့ရှိ အဓိက မူးယစ်မှောင်ခို အဖွဲ့တစ်ဖွဲ့ကို ရဲများက ၀င်ရောက်စီးနင်းခဲ့ရာ အမျိုးသမီးတစ်ဦးကို ဘတ်သန်း ၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် မော်တော်ကားသုံးစီး၊ ဘဏ်စာရင်း ၁၃ ခုတွင် ထည့်ထားသည့် ဘတ်ငွေခုနစ်သန်း၊ ဘန်ကောက်မြို့ရှိ နေအိမ်သုံးလုံးနှင့် ပသူရမ်သာနီ အရပ်ရှိ ကားဂိုဒေါင် တစ်လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ထွက်ပြေးနေသူ အဖွဲ့ခေါင်းဆောင် ကိုဆင်နှင့် အခြားသံသယ ရှိသူများကို ရဲများက ဆက်လက်ရှာဖွေနေကြောင်း၊ ယင်းမူးယစ်မှောင်ခို အဖွဲ့မှ ပိုင်ဆိုင်သည့် ပစ္စည်းများကို ထပ်မံဖမ်းဆီး ရမိနိုင်ပြီး ပိုင်ဆိုင်မှု တန်ဖိုးစုစုပေါင်း ဘတ်သန်း ၁၀၀ အထိ ရှိနိုင်ကြောင်း၊ အဆိုပါ မူးယစ်ဆေးမှောင်ခို အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည့် ငွေများကို သိမ်းဆည်းထားရာတွင် ဘဏ်စာရင်းဖွင့်ရန်အတွက် လူများကို ငှားရမ်းခဲ့ကြောင်း သိရသည်။
Ref: Bangkok Post
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com