မန္တလေး၊မေ ၁၂
LCCI စာရင်းကိုင်ဘာသာရပ်ကို LCCI 1 မှ Final Year အထိရောက်သင်ကြားခွင့်ရရှိရန်အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး B.A ဘွဲ့(သို့မဟုတ်) B.Sc(Hons) ဘွဲ့ကို မြန်မာနိုင်ငံတွင်ရယူနိုင်မည့် အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဦးကျော်တင် CommercialManager (Myanmar) Pearson QualificationsInternational (LCCI & EDEXCEL) ထံမှ သိရပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့LCCI စာရင်းကိုင်သင်တန်းများဟာ LCCI Level 1,2,3 and 4 အထိသာ သင်ကြားပို့ချပေးလျှက်ရှိပါတယ်။LCCI စာရင်းကိုင်သင်တန်း သင်ကြားရေး စင်တာများအနေနဲ့ LCCI Level 5 (Advanced) တန်းခွဲသစ်များဖွင့်လှစ်သင်ကြားရန် အဆင်သင့် ဖြစ်ပါက သင်ကြားမှုများ စတင်နိုင်ကြောင်း ဦးကျော်ထင်ထံမှသိရပါတယ်။ စာရင်းကိုင်သင်တန်း LCCI Level 5 (Advanced) ပြီဆုံးပါက Final Year ကို အင်္ဂလန်နိုင်ငံသို့သွားရောက်သင်ကြားကြ ရမည်ဖြစ်သော်လည်း၊ Final Year ကို မြန်မာနိုင်ငံမှာလည်း သင်ကြားတက်ရောက်လိုသူများအတွက်တက်ရောက်သင်ကြားခွင့်ရရှိနိုင်ရန် အကောင်အထည်ဖော်ရွက်သွားမယ်လို့ ၄င်းက ပြောပါတယ်။
အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့သိရပါတယ်။ LCCI စာရင်းကိုင်ဘာသာရပ်(၅)မျိုးရှိတဲ့အနက် ဘာသာရပ်အလိုက် ၂၀၁၂ခုနှစ်အတွင်းတစ်ကမ္ဘာလုံးစာမေးပွဲဖြေဆိုအောင်မြင်သူများထဲမှ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်(၁၄)ခု၊ငွေတံဆိပ်(၁၃)ခုရရှိခဲ့တယ်လို့ ဦးကျော်ထင်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ LCCI စာရင်းကိုင်သင်တန်းများအနေနဲ့ LCCI မှ ကြီးမှူးကျင်းပတဲ့ စာရင်းကိုင်ဘာသာရပ်အပြင်နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးဝင်နိုင်မယ့် ဘာသာရပ်တွေပါ သင်ကြားပေးနိုင်မယ်ဆိုရင်နိုင်ငံအတွက် အကျိုးရှိမယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်လာမယ့်လို့ ဦးကျော်ထင်မှမြန်မာဓိကကို ပြောကြားခဲ့ပါတယ်။
မြန်မာဓိက
LCCI Level 5 (Advanced) ပြီးဆုံးပါက Final Year ကို မြန်မာနိုင်ငံမှာ သင်ယူနိုင်တော့မည်
Labels:
ပညာရေး