http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Conteston Technopreneurship 2013 ဆုရသူသုံးဖွဲ့ကို ဆုချီးမြှင့်ခဲ့

27.5.13, Monday
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)နှင့်ကိုးရီုးယား လေကြောင်း အာကာသ တက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သော Myanmar-K orea IT Centerကပြုလုပ်သည့် Contest on Technopreneurship 2013 ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပြီးဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊
MICT Parkရှိ ConferenceHallတွင် ကျင်းပခဲ့သည်။

ထိုပြိုင်ပွဲသည် ပထမဆုံး ကျင်းပပြုလုပ်သည့် ပွဲဖြစ်ပြီးထူးခြားဆန်းသစ် ထက်မြက်ရှင်သန်စွာ လုပ်ကိုင်လိုသော အတွေးအခေါ်ရှိသူများကို မြေတောင်မြှောက်ပေးရန်၊ တွေးခေါ်မြှော်မြင်မှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးတို့တွင် ထူးခြားထက်မြက်သော လူငယ်များ၏ စွမ်းရည်များကို ဖော်ထုတ်ပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲကိုပြိုင်ပွဲ ၀င်ပေါင်း(၁၇)ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင်များ၏ Business Planနှင့် Video Presentation File များ၊ ပြိုင်ပွဲဝင်များ၏ စိတ်ကူးစိတ်သန်း
တို့ကိုMyanmar-Korea IT Center က Center Manager (Yangon) ဖြစ်သည့် Mr.ShinDongChul ကပြောကြားသည်။

ပြိုင်ပွဲဝင်(၁၇)ဦးယှဉ်ပြိုင်ခဲ့ သောBusiness Plan မူကြမ်းနှင့် Video Presentation file များကိုစိစစ်ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ရာတွင်(၆) ဦးကိုဇကာတင်ရွေးချယ်ခဲ့ပြီးထိုမှ မေလ(၂၆)ရက်နေ့၊နံနက်တွင် Final Presentation ပြုလုပ်ကာအကဲဖြတ် အဖွဲ့ဝင်(၁၂)ဦးမှ အကောင်းဆုံး Presentationလုပ်နိုင်သူ(၃)ဖွဲ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးဆုကို“Voice System on Mobile Phone” ခေါင်းစဉ်ဖြင့် ဦးကျော်ကျော်ဇင်တို့အဖွဲ့၊ “Universal Software Production” ခေါင်းစဉ်ဖြင့် ဒေါ်ယဉ်ချိုနွယ်တို့အဖွဲ့နှင့် “MIDC on Call
Mobile Phone Repairing Service” ခေါင်းစဉ်ဖြင့် ဦးစိုးမင်းထွန်းတို့အဖွဲ့က ရရှိခဲ့ခြင်းဖြစ်သည်။ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာ၊ ၀န်ကြီးဦးဥာဏ်ထွန်းက တက်ရောက်ဂုဏ်ပြု ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com