http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြည်သူ့ရင်ပြင်၌ မြေတူးရာမှ တတိယမြောက် ထန်းလုံးအမြောက်တစ်လက် ထပ်မံတွေ့ရှိ

မေ ၁၃ ရက်တွင် တွေ့ရှိခဲ့သည့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ လက်ကျန် ထန်းလုံးအမြောက်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
20 May 2013
ပြည်သူ့ဥယျာဉ်တွင် မြေတူးရာမှ အလေးချိန် ၆ တန်ခန့်ရှိ စစ်ကျန် ထန်းလုံးအမြောက်တစ်လက် တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ထန်းလုံးအမြောက်ကို မေ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ရင်ပြင် ၀င်းအတွင်းရှိ ဦးဝိစာရ ရှော့ပင်းမော ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ဦးဝိစာရ ၀င်ပေါက်အနီးတွင် မြေတူးစက်မောင်းသူ ဦးကျော်ကျော်လေးက မြေတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူတို့၏ စစ်ဆေးချက်အရ ယင်းထန်းလုံး အမြောက်သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ လက်ကျန် ထန်းလုံးအမြောက် တစ်လက်ဖြစ်ပြီး အလေးချိန် (၆) တန် ခန့်ရှိကာ၊ အရှည်(၁၄)ပေ (၅) လက်မ၊ ထိပ်ဝအချင်း (၁၃) လက်မ၊ နောက်ပိုင်းအချင်း (၂၃) လက်မ ရှိကြောင်း သိရသည်။

အဆိုပါ ထန်းလုံးအမြောက်ကို ဒဂုံမြို့နယ်၊ ရှေးဟောင်း သုတေသန ဦးစီးဌာနက တွေ့ရှိခဲ့သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

''အခု တူးဖော်တွေ့ရှိခဲ့တဲ့ အမြောက်ကို မြေတူးစက်မောင်းတဲ့လူက မြေကြီးတွေကို တူးဖော်နေတုန်းမှာ တွေ့ရှိခဲ့တာပါ'' ဟု အဆိုပါ အမြောက်တွေ့ရှိရာ နေရာအနီး လုံခြုံရေး ဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုတွေ့ရှိခဲ့သော အမြောက်သည် အဆိုပါ နေရာတွင် တတိယမြောက် တွေ့ရှိခဲ့သည့် အမြောက် ဖြစ်သည်ဟု သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ပထမအမြောက် တစ်လက်အား စတင်တွေ့ရှိခဲ့ပြီး ဒုတိယမြောက် ထန်းလုံးအမြောက်ကို အောက်တိုဘာ ၁၈ ရက်နေ့၌ ထပ်မံတွေ့ရှိခဲ့ပြီး ယခုနောက်ဆုံး တွေ့ရှိရသည့် ထန်းလုံးအမြောက်ကို ၂၀၁၃ ခုနှစ် မေ ၁၃ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com