http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချင်းပြည်နယ် ၀န်ကြီးချုပ်နှင့် ဒေသခံပြည်သူများ သဘောထားကွဲလွဲ

တီးတိန်၊ မေ – ၂၀။
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြွေတောင်ဒေသ သတ္တုတူးဖော်ရေးလုပ်ငန်း
ပွင့်လင်းမြင်သာမှုရှိစေရေး အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းနှင့်
ဒေသခံပြည်သူများအကြား သဘောထား ကွဲလွဲမှုများရှိနေကြောင်း သိရသည်။

မြေတောင် သတ္တုတူးဖော်ရေး လုပ်ငန်းကို ချင်းပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်လုပ်ကိုင်လိုသော်လည်းဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများက ဆိုင်းငံ့ထားစေလိုကြောင်း သဘောထား ကွဲလွဲနေခြင်းဖြစ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်ကို  အိမ်တစ်အိမ်ကဲ့သို့ပြောရမည်ဆိုလျှင် ၀င်ငွေမရှိဘဲ ရပ်တည်နိုင်ရန်ခဲယဉ်းပြီး သူတစ်ပါးအိမ်ကို မှီခိုနေရခြင်းနှင့်တူနေကြောင်း၊ လက်တွေ့တွင် မိမိထံရှိသည်ကို ထုတ်သုံးသင့်ပြီဖြစ်ကြောင်း၊ အခြားဒေသများတွင် သယံဇာတမရှိ၍ ရှာဖွေပြီး ရုန်းကန်နေရကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ရှိသည့် အရင်းအမြစ်များကို လည်းထုတ်မသုံးနိုင်သည့်အပြင် ကိုယ့်တိုင် ရုန်းကန်ရမည် ဆိုလျှင်လည်းဘာမျှ လုပ်ဆောင်နိုင်သည်မှာ မရှိကြောင်း ပြောကြားသည်။

“ချင်းပြည်နယ်အနေနဲ့ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်ဖို့အတွက် ရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို
စောစောလုပ်နိုင် မှ ဒေသဖွံ့ဖြိုးရေးတွေ ကို စောစောလုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်နယ် ၀န်ကြီးချုပ်
ဦးဟုန်ငိုင်းက ပြောကြားသည်။

ဒေသခံ ချင်းတိုင်းရင်းသားများနှင့် မြွေတောင်အနီးရှိကျေးရွာများမှ ဒေသခံပြည်သူများက
ရင်းနှီးမြှုပ်နှံမှု တိုင်းသည် နိုင်ငံတော်အတွက် လည်းကောင်း၊ အဓိကအားဖြင့် ပြည်သူလူထုကို
တိုက်ရိုက်အကျိုးပြုသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ဖော်ဆောင်သင့်ကြောင်း ပြောကြားသည်။

“တီးတိန်မြို့ကို စေတနာအမှန်နဲ့ တကယ်ဖွံ့ဖြိုးတိုးတက်စေလိုတယ်ဆိုရင် ပညာရေး၊ ကျန်းမာရေး
ဖွံ့ဖြိုးရေးတွေအတွက် ပညာရေး ကောလိပ်တွေ၊ စက်မှု အထက်တန်းကျောင်းတွေ
ဆောက်လုပ်ပေးစေချင်ပါတယ်။ ပြီးတော့ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးတဲ့ ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ပေးစေချင်ပါတယ်”ဟု ဆွေးနွေးပွဲသို့ တက်ရောက်သူ ချင်းအမျိုးသား တစ်ဦးက ပြောကြားသည်။

ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေးမည်ဟု ဆိုသော်လည်း ဒေသခံများအနေဖြင့် စီမံကိန်းတွင်ပါဝင်လုပ်ကိုင်နိုင်မည့် အတတ်ပညာများ မရှိသေးကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို အခြေမပြုဘဲ လူ့စွမ်းအားအရင်းအမြစ်ကိုသာအခြေပြုတိုးတက်သည့် စီးပွားရေးစီမံကိန်းမျိုးကိုသာ ဖော်ဆောင်စေလိုကြောင်း ဒေသခံ ပြည်သူများက ပြောကြားသည်။

ရေမြေသဘာဝအရ မြွေတောင်သတ္တုစီမံကိန်း ကိုလုပ်ဆောင်ပါက ကလေးကဘော်လွင်ပြင်ရှိ လယ်မြေများကို အနည်းနှင့်အများ ထိခိုက်စေနိုင်ကြောင်း၊ ကလေးကဘော်လွင်ပြင်တွင် ဆိုးကျိုးတစ်စုံတစ်ရာထိခိုက်လာပါက မိမိတို့ချင်းပြည်နယ်ကိုပါ ထိခိုက်စေ ခြင်းဖြစ်ကြောင်း၊ မြွေတောင်သတ္တုစီမံကိန်းကို မဖြစ်မနေလုပ်ဆောင်မည်ဆိုပါက အလုံးအရင်းဖြင့် ၀င်လာမည့်လူအင်အား၊ ဓနအင်အားများ၏ ဆိုးကျိုးကောင်းကျိုးများကို ချင်းတိုင်းရင်းသားများ၊ ဒေသခံများအနေဖြင့် ကာကွယ်နိုင်သည့် ပညာအရည်အချင်းနှင့် နည်းပညာများမရှိသေးကြောင်း တက်ရောက်သူများမှ ဆွေးနွေး ပြောကြားသည်။

ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လက်ပံတောင်းတောင်စီမံကိန်းနှင့် ရခိုင်ပြည်နယ်ရှိ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများကြောင့် ဖြစ်ပေါ်ခဲ့ကြသည့် ပြဿနာများသည်
တရုတ်နိုင်ငံနှင့်မကင်းခဲ့ကြောင်း၊ မြွေတောင်ကိုလည်း တရုတ်ကခြေဆန့် လာသည့်အတွက် ပြဿနာထပ်ဖြစ်ပြီး ငြိမ်းချမ်းမှုမရှိမှာမျိုးကို ဒေသခံများက စိုးရိမ်မိကြောင်း၊ သို့ဖြစ်ပါ၍ မြွေတောင်တွင် သတ္တုတူးဖော်ရေးစီမံကိန်းကို အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ထားစေလိုကြောင်း ဆွေးနွေးပွဲတွင်ပြောဆိုခဲ့ကြသည်ဟုသိရသည်။

၂၀၁၃-၁၄ ခုနှစ်အတွက် ချင်းပြည်နယ်ဘတ်ဂျက်သည် ၁၅ ဘီလီယံ ရရှိမည်ပြီး၊ တစ်နှစ်အတွက်
ပြည်နယ်အသုံးစရိတ်မှာ ၄၉ ဘီလီယံရှိကြောင်း၊ ကျန်သည့် ပြည်နယ်ဘတ်ဂျက် အသုံးစရိတ်များအတွက် ပြည်ထောင်စုထံမှ ချေးငွေအဖြစ်ချေးရသော်လည်း ၁.၈ ဘီလီယံသာရရှိကြောင်း သိရသည်။

ချင်းပြည်နယ်၏ အခွန်အခများနှင့် အခြား ၀င်ငွေများကို ပေါင်းလိုက်လျှင် ချင်းပြည်နယ်အတွင်းရှိ
ကျောင်းဆရာ၊ ဆရာမများ၏ လစာကိုပင် ပေးရန် မလုံလောက်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်၏
ပြောကြားချက်အရ သိရသည်။

မြွေတောင်ဒေသ သတ္တုတူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိစေရေးအလုပ်ရုံဆွေးနွေးပွဲကို
တီးတိန်မြို့၊ ကမ်ဟောက် ခန်းမတွင် မေလ ၁၇ ရက်နေ့၊ နံနက်(၈း၀၀)နာရီမှ နေ့လည်(၁၂း၃၀)နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
 မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com