http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထောင်ဒဏ်အကျခံသည့် နေမျိုးဇင်အတွက် ရွာသားများက ဒဏ်ငွေ နှစ်သောင်းပေးဆောင်လို

ပန်းတနော် ၊ မေ ၇။
အသရေဖျက်မှုဖြင့် ပန်းတနော်ရဲမှူးက တရားစွဲဆိုကာ ဒဏ်ငွေမဆောင်ဘဲ မေလ ၂ရက်နေ့တွင် ထောင်ဒဏ်
၃လကျခံခဲ့သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အတွက် မေလ ၇ရက်နေ့ နံနက် ဆယ်နာရီခန့်တွင် ပန်းတနော်
တရားရုံးသို့  တောင်သူများက ဒဏ်ငွေနှစ်သောင်း ပေးဆောင်လိုက်ကြောင်း ၎င်း၏ရှေ့နေကိုယ်စားလှယ်
ဦးကြည်လွင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

“မနေ့က နေ့ခင်းရွာသားတွေ ဒဏ်ငွေနှစ်သောင်း ဆောင်မယ်ဆိုပြီး သွားကြတယ်။ ဒါပေမယ့် တရားရုံးက
ကိုနေမျိုးဇင် လက်မှတ်ဖြစ်ဖြစ် ရှေ့နေ လက်မှတ် ဖြစ်ဖြစ်ပါမှ ရမယ်ဆိုလို့ ရှေ့နေက ပါဝါလွှဲပေးတဲ့
ကျွန်တော့်ကိုယ်စား လက်မှတ်နဲ့ ဒီနေ့မှ ပေးဆောင်ရတာပါ။ ပြီးတော့ ကိုနေမျိုးဇင်ကို ဆွဲထားတဲ့
ပုဒ်မကလည်း ၅၀၀ကို ၅၀ဆိုပြီး မှားရေးထားလို့ ခေါင်းရှုပ်သွားသေးတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းသို့ အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆို ခံရခြင်းမှာ ပန်းတနော်မြို့နယ် အောက်ဇင်း
ကျေးရွာလူထု တွေ့ဆုံပွဲ၌ ရဲဝန်ထမ်းများ လာဘ်စားသည်ဟု ထည့်သွင်းပြောကြားမှုကြောင့်ဖြစ်ကြောင်း
သိရပြီး အင်းစိန်တရားရုံးမှ ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၃လကျခံရမည်ဟု အမိန့်ချခဲ့ရာ မေလ
၂ရက်နေ့တွင် မအူပင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကိုနေမျိုးဇင်က လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ အခုကိစ္စမှာလည်း စံပြပုဂ္ဂိုလ် တစ်ယောက်အဖြစ်နဲ့
နိုင်ငံရဲ့ ဥပဒေ စိုးမိုးရေးကို ပြလိုက် တာပါဘဲ”ဟု မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးစိန်ဝင်းဟန်က သုံးသပ် ပြောကြားသည်။

ထို့နောက် ပန်းတနော်ရှိ တောင်သူလယ်သမား ၁၀၀ကျော်မှလည်း ဗိုလ်မှူးကြီးဟောင်း ကိုနေမျိုးဇင်အား
ပြန်လွှတ်ပေးရန် ပန်းတနော် ရဲစခန်း၌ ဆန္ဒထုတ်ဖော်ခွင့်နှင့် စပ်လျဉ်း၍ မေလ ၃ရက်နေ့တွင်
တရားဝင်ခွင့်ပြုမိန့် တောင်းခံခဲ့ကြောင်း သိရှိရပြီး သက်ဆိုင်ရာက မေလ ၅ရက်နေ့တွင်
ဆန္ဒပြခွင့်စာအား ငြင်းပယ်ခဲ့ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com