May 4, 2013
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်း တန်းကျေးရွာနေ လယ်သမားကြီး ဦးရှမ်းနီ မိသားစုသည် ကွင်းအမှတ် (၅၈၉)ဦးပိုင်အမှတ်(၁/က)လယ် ဧက(၁၅.၄၆)လုပ်ကိုင်လာပြီး ၁၃၃၇ ခုနှစ်တွင် နိုင်ငံတော်မှ စပါးပြီးစပါး စိုက်ပျိုးရန်စီမံကိန်း အား အကောင်အထည်ဖော်ဆောင် ရွက်ပေးသည့်အတွက် ကျောက် တန်းမြို့နယ် ပါတီကလပ်စီး ဦးဗလ နှင့် ဦးကျော်စွာတို့၏ စီမံခန့်ခွဲမှုဖြင့် ဇွဲဘာကုန်းတန်းကျေးရွာ ပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဦးသိန်းငွေမှ အဆိုပါ လယ်မြေအား ဦးရှမ်းနီ နာမည်ဖြင့် မြေခွန်ပြေစာရရှိအောင် လုပ်ကိုင်ပေးခဲ့ကြောင်း ဦးရှမ်းနီက ဆိုပါသည်။
ထိုသို့လုပ်ကိုင်လာစဉ် ဦးရှမ်းနီသည် ပြစ်ဒဏ်တစ်ခု ဖြင့် ပြစ်ဒဏ်ကျနေစဉ် အဆိုပါ လယ်အား ဇနီးနှင့်တူတို့ လုပ် ကိုင်ရန် တာဝန်ကျေစပါးရောင်း သော်လည်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းငွေက စည်းကမ်း ပျက်ဟု သတ်မှတ်စွပ်စွဲပြီး ပြန် လည်သိမ်းယူ၍ ၎င်းင်း၏ သမီး ဖြစ်သူ ဒေါ်မြင့်ဌေးအမည် ပေါက်ပြုလုပ်၍ လုပ်ကိုင်စေခဲ့ ကြောင်း ဦးရှမ်းနီနှင့်ဇနီးတို့က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ ဦးရှမ်းနီက ကျေးရွာမြေယာ ကော်မတီနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနသို့ ကန့်ကွက်စာတင် ထား၍ (၂၀၁၃)ခုနှစ် မတ်လ (၁၇)ရက်တွင် ကျေးရွာမြေယာ ကော်မတီမှ ဦးရှမ်းနီမိသားစုနှင့် သက်သေအဖြစ် လယ်ကံဇဉ်းတင် (၃)ဦးအား စစ်ဆေးပြီးကြောင်း ဦးရှမ်းနီမှHot News ဂျာနယ်သို့ ပြောပြ၍ သိရှိရသည်။
၎င်းလယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ကျောက်တန်းမြို့ နယ်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောစံနိုင်နှင့် (၂၀၁၃)ခုနှစ် ဧပရယ်လ (၂၂)ရက်တွင် မီဒီယာ မှ တွေ့ဆုံမေးမြန်းရာ ကျေးရွာ မြေယာကော်မတီမှ ၎င်းထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း တင်ပြလာသည့်အခါတွင် လယ် သမားများအား ခေါ်ယူစစ်ဆေး ၍ တွေ့ရှိချက်အရ အမှန်အတိုင်း ဖြစ်စေရမည်ဟု ပြောကြားပါ သည်။
အရိန္ဒမာ(ဘိုကလေး)
The Hot News
တာဝန်ကျေစပါးရောင်းချနိုင်သော်လည်းလူကြီးကလယ်သိမ်းသည်
Labels:
ပြည်တွင်းသတင်း