http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ညဥ့်နက်သော်လည်း စောင့်ကြိုသူများ

Saturday, 04 May 2013
မွန်ဂိုလီးယားမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း မြင်တွေ့ရစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်မှ KE ၄၇၁ လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီ ၂၇ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် တစ်ပတ်ကြာခရီး သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း တစ်ရာကျော်၏ နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကို အဆိုပါ ညီလာခံက ချီးမြှင့်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားသမ္မတနှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်းနှင့်အတူ Mongolian and Myanmar : Road to Freedom and Lessons Learner မိန့်ခွန်းကိုလည်း ပူးတွဲပြောကြားခဲ့သည်။

ယခု မွန်ဂိုလီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် သတ္တမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ခြောက်ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။
... "ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လူအဖွဲ့အစည်း ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ လှုပ်ရှားဆောင်ရွက်မှုများကြောင့် Geremek Award ဆုကိုလည်း ညီလာခံက ချီးမြှင့်ခဲ့သည်..."

ယင်းနောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

ထို့နောက် တတိယမြောက် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ် အားလုံးတွင် သက်ဆိုင်ရာ နိုင်ငံများရှိ ခေါင်းဆောင်များက လေးစားစွာ ကြိုဆိုဆက်ဆံခြင်းကို ခံခဲ့ရပြီး မြန်မာနိုင်ငံ အတွက်လည်း အကျိုးရှိစေမည့် အကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

ထိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လုံခြုံရေး အပြည့်အ၀ ပေးခဲ့ပြီး ပြည်တွင်းလုံခြုံရေး ပေးမှုများအပေါ်တွင်ပင် ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံများရှိ မြန်မာမိသားစုများသာမက သက်ဆိုင်ရာ နိုင်ငံသူ၊ နိုင်ငံသားများကပါ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် တစ်ဦးအဖြစ် အလေးအနက်ထား ကြိုဆိုခြင်းကို ခံခဲ့ရပြီး နိုင်ငံတကာ မီဒီယာများ၏ အလေးပေး ဖော်ပြခြင်းကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များမှ ပြန်ရောက်သည့် အကြိမ်တိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုကြသူများ အမြဲလိုပင် များပြားခဲ့သည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com