http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာအမျိုးသမီးအသင်း (၉)ဂိုးပြတ်ဖြင့် အိမ်ရှင် ပါလက်စတိုင်းကို အနိုင်ရရှိ


24 May 2013
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(D) ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီက အိမ်ရှင်ပါလက်စတိုင်းအသင်းနှင့် Faisal Al Huseni Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၉) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်

၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(D) ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီက အိမ်ရှင်ပါလက်စတိုင်းအသင်းနှင့် Faisal Al Huseni Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၉) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ယနေ့ပွဲစဉ်တွင် အိန္ဒိယနှင့်ပွဲတွင် အနားပေးထားသည့် ကွင်းလယ်လူ ခင်မာလာထွန်းကို အသင်းခေါင်းဆောင်အဖြစ် ပွဲအစမှ အဆုံးထိ ထည့်သွင်းအသုံးပြုခဲ့သလို စန်းစန်းမော်၊ သန်းသန်းထွေး မေခင်ယမင်း(ဂိုး)တို့ကိုလည်း အရန်ခုံတွင်သာ အနားပေးထားစေခဲ့သည်။

ပထမပိုင်းတွင် မြန်မာအသင်းသည် ကစားကွက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း အိမ်ရှင်ပါလက်စတိုင်းအသင်း၏ ခံစစ်ကြောင်း ကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း၏ နီလာမြင့်နှင့် နော်အားလိုဝါးဖော တို့၏ ဘယ်ညာတောင်ပံများမှ အနိမ့်ဘော ပေးပို့ချက်များကို ခင်မိုးဝေ၊ရီရီဦးတို့ အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ။

ဒုတိယပိုင်း စတင်ရာတွင် တိုက်စစ်မှူး ခင်မိုးဝေ ကိုအနားပေးပြီး မာဂရက်မေရီအား ၀င်ရောက်ကစားစေသကဲ့သို့ ပွဲချိန် ၇၁ မိနစ် တွင်လည်း ကစားအားကျနေသည့် သန္တာမိုးအစား သန်းသန်းထွေးကို ထည့်သွင်းကစားစေခဲ့သည်။ မြန်မာအသင်းကွင်းလယ်တွင် သန်းသန်းထွေးနှင့် ခင်မာလာထွန်းတို့ ချိတ်ဆက်မိသွားပြီး ဘယ်တောင်ပံမှ မြင့်မြင့်အေး၊ ညာတောင်ပံမှ နီလာမြင့်တို့နှင့် တွဲဖက် ကာ ဖန်တီးမှုများ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာတိုက်စစ်မှူး ရီရီဦး တစ်ဦးတည်း (၄)ဂိုးတိတိ သွင်းယူနိုင် ခဲ့ပြီး အာရှခြေစစ်ပွဲ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သွင်းဂိုး(၅)ဂိုးဖြင့် ရပ်တည်နိုင်သကဲ့သို့ နောက်ခံလူ မြင့်မြင့်အေး၊မာဂရက်မေရီ တို့လည်း ကိုယ်စီ ဂိုးရရှိခဲ့ကြသည်။ ပါလက်စတိုင်းအသင်းမှာ အချိန်ပို(၃)မိနစ်ကုန်ဆုံးသည်အထိ မြန်မာဘက်သို့ တစ်ကြိမ်မျှ ဂိုးကန်သွင်းခွင့်မရခဲ့ခြင်းကြောင့် ယနေ့မှစတင်ကာ ပွဲထွက်ကစားခဲ့သည့် ဂိုးသမား မြဖူးငုံ လည်း လက်စွမ်းပြခွင့် မရနိုင်ခဲ့ပေ။ ယနေ့ပွဲအနိုင်ကြောင့် မြန်မာအသင်းသည် ရမှတ်(၆)မှတ် ရရှိထားပြီး မေလ(၂၅)ရက်နေ့ အုပ်စုနောက်ဆုံးပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းအား အနိုင်ရရှိသည်နှင့် ၂၀၁၄ အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်များသို့ တက်ရောက်မည်ဖြစ်ပြီး ၂၀၁၅ ကမ္ဘာ့ဖလား ပစ်မှတ်နှင့်လည်း လက်တကမ်းအကွာသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။



မြန်မာအသင်းအတွက် ဂိုးသွင်းခဲ့ကြသူများ

ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈)မိနစ်
ခင်မိုးဝေ(၂၁၊၂၆)မိနစ်
မြင့်မြင့်အေး(၇၆) မိနစ်
မာဂရက်မေရီ(၆၇)မိနစ်

ပွဲထွက်လူစာရင်း


ဂိုး- မြဖူးငုံ
နောက်တန်း- မြင့်မြင့်အေး၊ မိုးမိုးဝါ၊ ခင်သန်းဝေ၊ နန်းကြေးငုံ
အလယ်တန်း- နီလာမြင့်၊ခင်မာလာထွန်း၊ သန္တာမိုး၊နော်အားလို ၀ါးဖော
ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ

လူစားဝင်သူများ

ခင်မိုးဝေ(ထွက်)၊မာဂရက်မေရီ(၀င်) - ၄၆၊ နော်အားလိုဝါးဖော(ထွက်) ဖူးပွင့်ခိုင်(၀င်)-၃၆၊ သန္တာမိုး(ထွက်)၊ သန်းသန်းထွေး(၇၁)
Okocha 
Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com