http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘော်စတွန်ဗုံးခွဲမှုကျူးလွန်သူ၏ သူငယ်ချင်းတစ်ဦးကို အက်ဖ်ဘီအိုင်က ပစ်သတ်

ဘော်စတွန်ဗုံးဖောက်ခွဲသူ၏ သူငယ်ချင်းကို စစ်ဆေးမေးမြန်းခဲ့သည့် အိမ်ကို မေ ၂၂ ရက်က တွေ့ရစဉ်
24 May 2013
ဘော်စတွန်ဗုံးခွဲမှု ကျူးလွန်ခဲ့သူ Tamerlan Tsarnaev ၏ သူငယ်ချင်းဖြစ်သူနှင့် မဖြေရှင်းနိုင်သေးသော သုံးလောင်းပြိုင် လူသတ်မှုတို့တွင် ပါဝင်သည်ဟု သံသယရှိခံရသူ တစ်ဦးသည် FBI အေးဂျင့်များက စစ်ဆေးမေးမြန်းနေစဉ် ဓားဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် င်္FBI အေးဂျင့်များ၏ ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အမေရိကန် မီဒီယာများက မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပစ်သတ်ခံရသူမှာ အသက် ၂၇ နှစ်ရှိ အီဘရာဂင်တိုဒါရှက်ဗ်ဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမြို့တွင် FBI က စစ်ဆေးမေးမြန်းနေစဉ် တိုဒါရှက်ဗ်က ခံဝန်လက်မှတ်ထိုးမလို ပြုလုပ်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Orlando Sentinel သတင်းစာက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အေးဂျင့်တစ်ဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် မရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ဘော်စတွန် ဆင်ခြေဖုံးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး အလောင်းများပေါ်တွင် ဆေးခြောက်များနှင့် ဒေါ်လာထောင်ပေါင်းများစွာ ဖုံးထားခဲ့ကြောင်း အမေရိကန် မီဒီယာက ဖော်ပြခဲ့သည်။ သေဆုံးခဲ့သူများမှာ အသက် ၂၅ နှစ်ရှိ ဘရင်ဒန်မက်စ်၊ အသက် ၃၇ နှစ်ရှိ ရာဖေးလ်တီကင်နှင့် အသက် ၃၁ နှစ်ရှိ အီရစ်ဝက်စ်မန်းတို့ဖြစ်ပြီး Tsarnaev နှင့် တိုဒါရှက်ဗ်တို့က သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးကိစ္စအတွက် ဖော်ကောင်လုပ်မည်ကို စိုးရိမ်သဖြင့် နှုတ်ပိတ်ခြင်းဖြစ်ကြောင်း WESH ရုပ်သံကုမ္ပဏီ လက်အောက်ရှိ NBC ရုပ်သံက ထုတ်ပြန်ခဲ့သည်။

တိုဒါရှက်ဗ်သည် ဘော်စတွန်ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ သို့သော် ယင်းဗုံးဖောက်ခွဲမှုဖြစ်စဉ် အပြီးတွင် FBI က တိုဒါရှက်ဗ်ကို စောင့်ကြည့်နေကြောင်း တိုဒါရှက်ဗ်၏ သူငယ်ချင်းဖြစ်သူ Khusn Taramiv က WESH သို့ ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဘော်စတွန်တွင် အတူနေထိုင်ကြပြီး ကိုယ်ခံပညာများ တတ်ကျွမ်းကြကြောင်း သိရသည်။ တိုဒါရှက်ဗ်သည် ပြီးခဲ့သောလတွင် Tsarnaev နှင့် ဖုန်း ပြောဖြစ်သေးကြောင်း Taramiv က ပြောကြားခဲ့သည်။ တိုဒါရှက်ဗ်က သူတို့သည် အကွက်ဆင် ခံခဲ့ရသည်ဟု ထင်မြင်နေကြောင်းလည်း Taramiv က ပြောကြားခဲ့သည်။
Ref:AFP
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com