စစ်တကောင်း၊ မေ ၁၄။
ဆိုင်ကလုန်းမဟာဆန်သည် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်းမြေနိမ့်ဒေသများအတွင်း သို့ ကြာသပတေးနေ့တွင်
ဝင်ရောက်ပြီး လူထောင်ပေါင်း များစွာ မုန်တိုင်းဒဏ်ခံ အမိုးအကာများအတွင်း တွင်ခိုနေရပြီး
မုန်တိုင်းကြောင့် လူငါးဦးသေဆုံးခဲ့ပြီဖြစ်သည်။
လေတိုက်နှုန်းသည် တနာရီလျှင် မိုင် ၆၀နှုန်းဖြင့် ကမ်းစပ်မှ ဝင်ရောက်တိုက်ခတ်လာပြီး လှိုင်းအမြင့်သည် ၇ ပေခန့်ထိ မြင့်တက်သည်ဟု ခန့် မှန်းထားပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ် လာဖွယ်ရှိသည်။
မီဒီယာများကလည်း လူငါးဦးသေဆုံးပြီဖြစ်ကြောင်း ၊ သစ်ပင်တစ်ချို့လဲကျပြီး တဲများထောင်ပေါင်းများစွာ ပြိုကျသည်။
“ထိခိုက်ခံရနိုင်တဲ့ လူတွေအများစုကို ပြောင်းပေးခဲ့တယ်” ဟု ကမ်းရိုးတမ်းပိုင်း အုပ်ချုပ်ရေးမှူး
မိုဟာမက်အက်ဘဒူလာက ပြောကြားသည်။ မုန်တိုင်းဒဏ်ခံအဆောက်အဦးများဆီသို့ လူ ၁သန်းခန့်
သွားရောက်ခိုလှုံခဲ့ကြကြောင်း “ တချို့က သူတို့အိမ်ကို စွန့်ခွာဖို့ ငြင်းဆန်ကြတဲ့ အတွက်
အတင်းအကြပ်လုပ်ခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့်မုန်တိုင်းများကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရရာ မုန်တိုင်းဒဏ်ခံအဆောက်အဦး ၁၄၀၀ကျော်ရှိသည်။
သို့သော် မြန်မာနိုင်ငံတောင်ပိုင်းနယ်စပ်တလျှောက် တွင် လူအများခိုနေရသည့် တဲများနှင့် စခန်းများတွင်
သစ်များနှင့် ပြုလုပ်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းမဟာဆန်သည် ဘင်္ဂလားပင်လယ်အော်တဝိုက်တွင်ရွေ့လျားလာခဲ့ပြီး
ဘင်္ဂလားဒေ့ရှိတောင်ပိုင်းကမ်းခြေ ကက်ပူပါရာတွင် ပထမဆုံးတိုက်ခတ်ခဲ့ပြီး မြန်မာနိုင်ငံ အနီးအရှေ့မြောက်ပိုင်းရှိ ကမ်းစပ်နှစ်ခုသို့ရောက်လာသောအခါ အားပျော့သွားသည်။
မျက်မြင်သက်သေများအဆိုအရ ဘင်္ဂလားဒေ့ရှ် မြေနိမ့်ဒေသများတွင် ရေခါးထိတက်လာပြီး မုန်တိုင်းကြောင့် သစ်ပင်များ အမြစ်ကျွတ်သည်အထိ ဖြစ်ပြီး အိမ်များလည်း ပျက်စီးကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့လာရောက်သည့်လမ်းတွင် မုန်တိုင်းသည် သီရိလင်္ကာနိုင်ငံကို ကျော်ဖြတ်လာခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးကာ ၃၈၈၁ဦး အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။
Ref:Reuters
မြန်မာ့ခေတ်
ဆိုင်ကလုန်း မဟာဆန်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ငါးဦးသေ
Labels:
ပြည်ပသတင်း