http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်

Saturday, May 18, 2013
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့ ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်
RFA

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com