http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်

ကလေး မေ ၂၃
ချင်းပြည်နယ်အတွင်းရှိ မူလတန်းကျောင်း များတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ ချင်းဘာသာစကား နှင့် စာပေကို ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားသည်။
"အခုမှ စရမှာဆိုတော့ စိတ်တိုင်းကျ အကုန်အဆင်ပြေမယ် မပြေဘူး ဆိုတာက လက်တွေ့လုပ်မှ သိရမှာ" ဟု ၄င်းကဆိုသည်။

ချင်းပြည်နယ်အတွင်း မူလတန်း ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ချင်းဘာသာစာပေ သင်ကြားရာတွင် ကြုံတွေ့ရမည့် အခက်အခဲများမှာ သင်ကြားပေးမည့် ဆရာ ဆရာမ များ၏ ဘာသာစကားအခက် အခဲနှင့် လစာအခက်အခဲပင်ဖြစ်ကြောင်း ဒေါက်တာဘမောင်က ရှင်းပြသည်။

သင်ကြားပေးမည့် ဆရာ ဆရာမများ သည် မြေပြန့်ဘက်မှ လာသူများဖြစ်၍ ချင်း စကားနှင့် ချင်းစာကို မကျွမ်းကျင်ကြကြောင်း၊ လာမည့်နွေရာသီ ကျောင်းပိတ်ရက်တွင် မူလတန်းပြဆရာ၊ ဆရာမများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခေါ်ယူကာ ချင်းစာပေ သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန က ဆရာ၊ ဆရာမ ၁၀ ဦး အတွက်သာ လစာပေးမည်ဟု ကြားသိထားကြောင်း၊ မူလတန်း ကျောင်း ၁၀၀၀ ကျော်မှ ဆရာ၊ ဆရာမ ၁၀၀၀ ကျော်အတွက် ကုန်ကျမည့် လစာကို ပြည်နယ်အစိုးရ ကလည်း မပေးနိုင်သဖြင့် ယင်းအခက်အခဲ ပြေလည်စေရန် ဒေသအလိုက် စေတနာဖြင့် သင်ကြားပေးမည့် တိုင်းရင်းသားဆရာ၊ ဆရာမများ လိုအပ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောဆိုသည်။

"ကိုယ့်တိုင်းရင်းသား စာပေသင်ကြား ရတာကတော့ ကောင်းပါတယ်။ အစိုးရက ခုလို သတ်သတ်မှတ်မှတ် အသိအမှတ်ပြု သင်ကြားခွင့် ပေးလိုက်တယ် ဆိုတော့လေ" ဟု တီးတိန်မြို့ခံ ချင်းတိုင်းရင်းသား ဦးငင်ခေါဂင်က ၄င်း၏အမြင်ကို ပြောကြားသည်။

ချင်းစာပေ သင်ကြားနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှာ စိတ်အားထက်သန်နေပြီး သင်ကြားပေးနိုင်မည့် စေတနာရှင်ဆရာများ ရှာဖွေထားကြောင်း ဝန်ကြီးက ဆက်လက ပြောကြားသည်။ ချင်းတိုင်းရင်းသားများ အနေနှင့် မိမိတို့ ဘာသာစကားကို ဆန်းဒေး စကူးလ်များတွင် အပတ်စဉ် သင်ကြားပို့ချပေးလေ့ ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်ရှိ ချင်းတိုင်းရင်းသား များထံမှ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com