ပြည်၊ မေ ၁၄။
ပြည်မြို့ ပွင့်လှသင်ကုန်းရပ် ပုညရှင်ဓမ္မစေတီကျောင်း ဆရာတော် ဦးသောဘိတ သက်တော်(၈၂)နှစ်
ဝါတော်(၅၆)ဝါအား ကိုရဲဝင်း(ခ)ရဲနောင် အသက်(၁၈)နှစ်အဖဦးရွှေဝင်းဆိုသူမှ မေလ(၁၄)ရက်နေ့
မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ဓါးထိုးမှုကျူးလွန်ခဲ့သည်ဟု မြို့မရဲစခန်းသို့ တိုင် ကြားလာကြောင်း
ဒုရဲအုပ်ကိုကိုအောင်ထံမှ သိရသည်။
“ပိုက်ဆံတောင်းတယ်လို့ ပြောတယ်။ မရတော့ ဆရာတော်ကိုဓါးနဲ့ ထိုးပြီး ဖုန်းကိုယူသွားတယ်။ ဆရာတော်က မုဒ်ဦးဝထိတောင် လိုက်နိုင် သေးတယ်။ ပြီးတော့ ရပ်ကွက်ထဲကို ဖမ်းထားကြပါလို့ အော်ပြောတယ်”ဟု
ပွင့်လှသင်ကုန်းရပ်ကွက်နေ ကိုဌေးနိုင်ဆိုသူက ပြောကြားသည်။
ဆရာတော်သည် ဘယ်ဘက်လက်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ညာဘက်ပခုံး၊ ညာဘက်ပါးပြင်တို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ နေ့လည်(၂)နာရီတွင် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု
ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှုကို မြို့မရဲစခန်းမှ ပ -၃၆၄/၂၀၁၃ ပုဒ်မ၃၂၆အရ အရေးယူ လက်ခံစစ်ဆေးဆောင်ရွက်ထားပြီး
တရားခံဟုယူဆရသူသည် ထွက် ပြေး တိမ်းရှောင်လျက်ရှိကြောင်း မြို့မရဲစခန်း၏ ပြောကြားချက်အရ သိရသည်။
မောင်ရေခဲ
မြန်မာ့ခေတ်