မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာနဲ့ တပြိုင်နက် တိုင်းရင်းသားပဋိပက္ခနဲ့ ဘာသာရေးတင်းမာမှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ကလည်း အရေးကြီးတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
မေလ ၂၀ ရက် တနင်္လာနေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး အမေရိကန်သမ္မတက သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအကြောင်း အပြည့်အစုံကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
RFA Burmese
အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ(ရုပ်/သံ)
Labels:
ပြည်တွင်းသတင်း