http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သမ္မတခရီးစဉ်အပြီး ပိတ်ဆို့မှုများ အပြီးသတ်ဖယ်ရှားရေး အမေရိကန်ပြင်ဆင်

ရန်ကုန်၊ မေ ၂၂
နှစ်ပေါင်း ၄၆ နှစ်ကြာ ပထမဦးဆုံး အဖြစ် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အပြီးတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို အပြီးသတ်ဖယ်ရှားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ရီပတ်ဘလစ်ကန်ပါတီ ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch McConnell က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု သမိုင်းဝင်ခရီးစဉ် တတိယမြောက်နေ့ အမေရိကန် ပြည်ထောင်စု လွှတ်တော်အဆောက်အအုံတွင် လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာ၌ ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mr. Mitch McConnell သည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် အစဉ်တစိုက်ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်ပြီး ယခုသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် ဥပဒေများကို သက်တမ်းတိုးရန် အဆိုတင်သွင်းပါက ယင်းဥပဒေများကို ဖယ်ရှားပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ပိတ်ဆို့မှုတွေကို တစ်ဖန်အသက် ပြန်ဝင်လာအောင် ဆောင်ရွက်ခြင်းက ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို စော်ကားသလို ဖြစ်စေမယ့်အပြင် နောက်ကြောင်း ပြန်လှည့်လိုသူတွေကို အားပေးအားမြောက် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ၄င်းကဆိုသည်။

အမေရိကန်အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖက်ဒရယ်ဥပဒေ ငါးခု၊ သမ္မတအထူး အာဏာလေးခုဖြင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

သမ္မတအမိန့်ဖြင့် မြန်မာနိုင်ငံဘက်မှ တိုးတက်အခြေအနေများပေါ် မူတည်၍ ဖြေလျော့နိုင်သော်လည်း အချို့ပိတ်ဆို့မှု များသည် ဥပဒေများနှင့် ကန့်သတ်ထိန်းချုပ် ထားသည့်အတွက် အုပ်ချုပ်ရေးဘက်က သီးသန့် အထူးအာဏာဖြင့် ဆောင်ရွက်၍ မရသော အခြေအနေများ ရှိနေသေး ကြောင်း နိုင်ငံ ရေးဆောင်းပါးရှင် မှူးဇော်က ဆိုသည်။
"အတိုချုပ်ပြောရရင် မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ ဆန်ရှင်က ကွန်ဂရက် (လွှတ်တော်) ပေါ်မှာ အများကြီး မူတည်နေပါတယ်" ဟု ၄င်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာ လိမ့်မည်ဟု ၄င်းတို့အနေနှင့် မည်သို့မျှ မျှော်လင့်မထားဘဲ ယခုအချိန်သည် အမေရိကန် ပြည်ထောင်စုလွှတ်တော် အနေနှင့်လည်း တာဝန်သိသော လိုက်လျောမှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်လွှတ်တော်တွင် သြဇာကြီးမားသော လူနည်းစု ရီပတ်ဘလီကင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် Mr. Mitch McConnell က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အမေရိကန်အစိုးရ၏ ဖိအားပေးမှု လျော့ကျမည်ကို ပြန်လည် ထိန်းညှိသောအားဖြင့် မြန်မာအစိုးရ၏ အကြီးမားဆုံး ဝင်ငွေ အရင်းအမြစ်ဖြစ်သည့် ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်သည့် ဥပေဒကို ဆက်လက်တည်ရှိစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများစွာကို ဖြေလျော့ပေးခဲ့ပြီး ဖြစ်သော်လည်း ပိတ်ဆို့မှုများ အချိန်မရွေး ပြန်စတင်နိုင်သည့် အချက်ကို ထားရှိသွားမည် ဖြစ်ပြီး ယင်းအချက်သည် မြန်မာအစိုးရ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး နှင့် ပြဿနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အပံ့ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၄င်းကရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်း လာစေရေး၊ လူ့အခွင့်အရေး အကာအကွယ် ပေးစေရေး၊ ပွင့်လင်းမြင်သာမှု ရှိလာစေရေး၊ တရားဥပဒေစိုးမိုးမှု ရှိလာစေရေးတို့ကို
ရည်ရွယ်၍ ပိတ်ဆို့မှုအရေးယူမှုများကို ကိရိယာတစ်ခုအဖြစ် အသုံးပြု ဖိအားပေးခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု မျှော်မှန်းထားသည့်အတိုင်း ပြုပြင်ပြောင်းလဲမှုများ ရှိလာချိန်တွင် အဆိုပါကန့်သတ် ပိတ်ပင်မှုများသည် လက်ရှိအခြေအနေနှင့် သဟဇာတဖြစ် မဖြစ် အမေရိကန်က အမှန်တိုင်း ကြည့်မြင်နိုင်ရန် လိုအပ်နေကြောင်း မှူးဇော်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သော ဆီးနိတ်လွှတ်တော်အမတ် Mr. Mitch Mc Connell သည် မြန်မာနိုင်ငံသို့ အောက်လွှတ်တော်အမတ် အချို့နှင့် လာရောက်ခဲ့ပြီး ဒုတိယသမ္မတနှင့် တွေ့ဆုံ ခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သမ္မတဘားရက်အိုဘားမား၏ ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်အမတ် လေးဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး ၄င်းတို့က သမ္မတဦးသိန်းစိန်ကို လက်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ပြည်တွင်းပဋိပက္ခ များကို အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ၁၉၄၇ ခုနှစ်က သံတမန် ဆက်ဆံရေး စတင်ခဲ့ သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စုကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Charge d’ Affaires ကို ပြန်လည်ရုပ်သိမ်း၍ သံအဆင့်လျော့ချ ဆက်ဆံခဲ့သည်။

သို့သော် အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် သမ္မတဂျော့ဒဗလျူဘုရှ် လက်ထက် ၂၀၀၃ ခုနှစ်တွင်မြန်မာနိုင်ငံအပေါ် ပို့ကုန်၊ သွင်းကုန်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဘဏ္ဍာရေး အထောက်အပံ့၊ အစိုးရအရာရှိများ ပြည်ဝင်ခွင့်ပိတ်ပင်မှု စသည့် အလုံးစုံပိတ်ဆို့မှုကို စတင်ခဲ့သည်။

သမ္မတအိုဘားမားသည် မြန်မာအစိုးရသစ်၏ ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုဆိုသည့် အနေဖြင့်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်း ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့အထိ တစ်နှစ် ဆိုင်းငံ့ပေးခဲ့သည်။
ယင်းဆိုင်းငံ့မှုကို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား က မေလ၂ ရက်နေ့တွင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်အချို့ နိုင်ငံသားဖြစ်ခွင့်၊ ပြည်ဝင်ခွင့် ပိတ်ပင်မှု၊ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှု တို့ကိုမူ ဆက်လက်ပိတ်ပင်ထားမှု တည်ရှိနေမည် ဖြစ်ကြောင်း ၄င်းက ကြေညာထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com