http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြည်နယ်အဆင့် ဆက်လက်ဆွေးနွေးရန် ABSDF သဘောတူ

ရန်ကုန်၊ မေ ၂၁။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အချို့တို့ အလွတ်သဘော တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ကြရာ၌ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် သဘောတူညီမှုရရှိကြောင်း ABSDF မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ရဲဘော်ကျော်ကို၏ ပြောကြားချက်အရ သိရသည်။

“အခုဆွေးနွေးမှုက အားလုံးအဆင်ပြေပါတယ်။ ဒီဆွေးနွေးမှုနဲ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကိုလည်း ဗဟိုကို တင်ပြပြီး ထုတ်ပြန်သွားဖို့ရှိပါတယ်။ ပြီးတော့ ဒီလိုပြည်နယ်အဆင့်ဆွေးနွေးတဲ့အခါမှာ ABSDF အားလုံးပါအောင်လုပ်ဖို့ အရေးကြီးပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ရာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအား ရက်သတ်မှတ်၍ ကရင်ပြည်နယ်တွင်
ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်း ရေးစင်တာမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ
ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့နောက် ယခုကဲ့သို့ အလွတ်သဘောဆွေးနွေးရသည့်အကြောင်းအရင်းမှာ ပြည်နယ်အဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲအ တွက် ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တဖက်နှင့်တဖက် သက်ဆိုင်ရာကော်မတီဝင်များအား တင်ပြသွားမည်ဖြစ်ကာ ပြည်နယ် အဆင့်ငြိမ်းချမ်းရေး သဘောတူညီမှုအတွက်
ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် တပ်ပိုင်းဆိုင်ရာကိစ္စ ရပ်များနှင့် စပ်လျဉ်း၍လည်း
ဆွေးနွေးမှုများမရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းအလွတ်သဘောတွေ့ဆုံခြင်း ပထမဦးဆုံးအကြိမ်အဖြစ် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ခြင်းဖြစ် ကြောင်းသိရပြီး ယခုဆွေးနွေးပွဲအား မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ မေလ ၂၀ရက်နေ့မှစတင်ကာ နှစ်ရက်ကြာကျင်းပပြုလုပ်ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com