http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခွင့်ပြုချက်မရှိဘဲ ခွေး မွေးမြူသူကို အရေးယူ

ဓါတ်ပုံ google
မန္တလေး၊ ဇူလိုင် ၃၀မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက် တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တင်ပို့ ရောင်းချရန်အတွက် ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသူ ဦးထွန်းလင်းကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ ရပ်ကွက်ရှိ ဦးထွန်းလင်း၏ ခြံဝင်း အတွင်းသို့ ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေရာ ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက်မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တော ဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်းထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရှိရသည်။

“မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန်တွေကို ဖမ်းဆီး၊ သိုလှောင်ထားခွင့် မပြုဘူး။ အဲဒါကြောင့် တရားရုံး ကို ဦးတိုက် လျှောက်ထားရတာပါ။ ခွေးတွေကိုတော့ ပိုင်ရှင်အိမ်မှာပဲ အခုလောလောဆယ် ထားထားရပါတယ်။ ခွေးတွေကို ဘယ်မှာ ထားရမယ် ဆိုတာကို တရားရုံးက ဆုံးဖြတ်မှာပါ” ဟု စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ ခြံကို ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ ခွေး သိုလှောင်ရုံ အတွင်းမှ ခွေး ၁၇၂ ကောင်ခန့်နှင့် သစ်ပြန်စိပ် စက် တစ်လုံး တို့ တွေ့ရှိရပြီး လိုင်စင်မဲ့ ဆိုင်ကယ် သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ပလိပ် နယ်မြေ ရဲစခန်းက (ပ)၄၈/၂၀၁၃ ၊ ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈၊ လိုင်စင်မဲ့ မော်တော် ယာဉ် သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ (ပ)-၄၉/၂၀၁၃ ပို့ကုန် သွင်းကုန် ပုဒ်မ ၈ တို့အရ အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“ခွေးတွေက သက်သေခံပစ္စည်း ဆိုရင် ရဲစခန်းမှာပဲ ထားရမှာလေ။ ဆိုင်ကယ်တွေ၊ ကားတွေကတော့ သက်သေခံပစ္စည်း အနေနဲ့ ရဲက သိမ်းထားတယ်” ဟု ပုလိပ်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခွေး အကောင် ၁၇၂ ကောင်ကို ယင်းခြံဝင်းတွင်းသာ ထားရှိကြောင်း မျက်မြင် တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ပလိပ်မြို့၊ မြောင်းဘောင်ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ဆိုင်ရာ ဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်တို့မှ ခွေးလေ ခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရှိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com