နေပြည်တော် သြဂုတ် ၎
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနသည် နိုင်ငံသား စိစစ်ရေး လက်မှတ် များကို ကျေးလက် တောရွာများ အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သော်လည်း အကြောင်း
အမျိုးမျိုးကြောင့် မပြုလုပ်ရ သေးသူ များအား မြို့နယ် အလိုက် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ရုံးများတွင် ရုံးဖွင့်ရက်တိုင်း နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိသည်။
နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဦးဘိုဝနှင့် ဝန်ထမ်း များက ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း နိုင်ငံသား စိစစ် ရေးကတ်၊ မှတ်ပုံတင်၊ ပုံစံ ၆၆/၆ နှင့် ပုံစံ ၁ဝ ပြုလုပ်သူ ၅၅ ဦး တို့အား နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေကူ
မြဝတီ
နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်နှင့် ပုံစံ ၆၆/၆၊ ပုံစံ ၁ဝ နေ့ချင်းပြီး ဆောင်ရွက်ပေး
Labels:
ပြည်တွင်းသတင်း