အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို
စတင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပ
သူ့လွှတ်တော်ကိုယ်စားလှယ်လော
ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို
ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး စာအုပ်ပေါင်း ၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။ ယင်းသည် ရွေ့ လျားစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။ ”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုးပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ် ခုရောက်အောင်လို့ ကျွန်မတို့ ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား စာကြည့်တိုက် နှင့်ပတ်သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို စာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်
နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့် ကျသွားခဲ့ပြီး လေ့လာဖတ်ရှုကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင
ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏ လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှုချင်စိတ်ကို ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် နေရာသည်လည်း ယခင်က ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား သည့်
မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန် အခြေခံ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။ မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့် တိုက် ရေရှည်အောင်မြင်ရန် အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။ ဒေသခံပြည် သူများ ပူးပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည် နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်ဖြစ် သည်။ အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့် ကလေးငယ်များ အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။ လွယ်လင့်တကူ ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက် ရှိလာမည်မှာသေချာသည်။
”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့ ကလေးတွေရှိတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက မှတ်ချက်ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည
ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက် အစားထိုး နိုင်မည်ဖြစ် သည်။ ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ ကျောင်းသားပေါင်း ၁၁ဝဝဝ အနက် ၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည် လက္ခ ဏာကောင်းတစ်ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင် …
”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး ဖြစ်သွားတာများတယ်။ ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက လူထုဆီ ကပူပေါင်း ပါဝင်မှုမရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး အောင် မြင်ပြီ။ အဲဒါဖြစ်အောင်လည်း ကျွန်တော် တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သ
နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင် အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊ ပြည်ထောင်စု လွှတ်တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူမ
၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကာလများက မဲဆန္ဒနယ်အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ မည်မျှ အကောင်အထည်ဖော်နိုင်ပြီလဲဆိ
သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ ပြည်သူ့အတွက် တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင် ပံ့ပိုးထောက်ကူမှု သည် လွယ်လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး မြို့လေးမှာ အစတည်ပြီး မြန်မာနိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှု
Popular Myanmar News Journal