http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Telenor မှ စီမံခန့်ခွဲမှု ၀န်ထမ်းများ စတင်ခေါ်ယူ

ရန်ကုန်၊ သြဂုတ် ၁၃။
Telenor Group ၏ ကမ္ဘာ့အဆင့်မီ လုပ်ငန်းများ၏ အခြေခံအုတ်မြစ်အဖြစ် ဒေသအတွင်းရှိ အရည်အချင်း
ပြည့်မှီသော ၀န်ထမ်းများအား ပြုစုပျိုးထောင်ခြင်းဖြင့် အခြားသော အာရှဈေးကွက်များတွင်
အောင်မြင်မှု ရရှိသကဲ့သို့ အကောင်အထည် ဖော်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် Telenor ၏ အဆင့်မြင့်
ဆက်သွယ်ရေး ကွန်ယက်များနှင့် ဈေးနှုန်းသင့်သော မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများအား
လျှင်မြန်စွာ စတင်ရာတွင် အထောက်အကူ ပေးနိုင်ရေးအတွက် စီမံခန့်ခွဲမှု အဆင့်ရှိသော ၀န်ထမ်းများအား
Telenor Myanmar မှယနေ့တွင် စတင်ခေါ်ယူနေပြီ ဖြစ်သည်။

“ လူသားတွေဟာ ကျွန်မတို့ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့
အဓိက နည်းဥပဒေတစ်ခုဟာ လူသားဗဟိုပြု လုပ်ငန်းယဉ်ကျေးမှုကို လုပ်ငန်းအစိတ်အပိုင်းမှာ ကောင်းမွန်စွာ
တည်ဆောက်ခြင်းပဲ။ ဒီထူးခြားတဲ့ လုပ်ငန်းယဉ်ကျေးမှုဟာ တက်ကြွပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့၊
ပွင့်လင်းပြီး ပူးပေါင်း လုပ်ဆောင်မှုရှိတဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို ဖန်တီးပါတယ်။
ဒါဟာ ၀န်ထမ်းတွေကို သူတို့ရဲ့ ဖြစ်နိုင်စွမ်းအားလုံးကို သတိထားမိလာဖို့ အားပေးပါတယ်။ Telenor က
ဝန်ထမ်းတွေကို အလေးထားပြီး ၀န်ထမ်းတွေကိုယ်တိုင် သူတို့ရဲ့အနာဂါတ်ကို ဦးဆောင်နိုင်ဖို့နဲ့
Telenor Myanmar မှာထိုက်တန်တဲ့ ရေရှည်အနာဂါတ် အစီအစဉ်များကို တည်ဆောက်သွားဖို့
တိုက်တွန်းလိုပါတယ်” ဟု Cheif People Officer ဖြစ်သူ Ms. Kaewsringarm ကပြောသည်။

Telenor Group အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန်အတွက် နိုင်ငံတကာမှ
နည်းပညာ ကျွမ်းကျင် ၀န်ထမ်းများအား ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ ဒေသတွင်း ၀န်ထမ်းများ၏
တိုးတက်ဖွံ့ဖြိုးရေးနှင့် လေ့ကျင့် သင်ကြားရေးအတွက် Telenor Myanmar Academy ကို တည်ထောင်
ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများကို ခေါ်ယူ ခန့်အပ်လိုသည်ဖြစ်၍
အခြေခံလစာအား ပြည်ပရောက် နိုင်ငံသားများ မြန်မာနိုင်ငံတွင် ပြန်လည်လုပ်ကိုင်လိုစိတ် ဖြစ်လာစေရန်
ရည်မှန်းထားကြောင်း ၎င်းကပင် ပြောသည်။

Telenor Myanmar ၏ အလုပ်အကိုင် ခေါ်ယူမှုအား ယခုနှစ်အတွင်း (၃)သုတ်ခွဲ၍ ခေါ်ယူသွား မည်ဖြစ်သည်။ ယခုခေါ်ယူသော ပထမ အသုတ်ကို ယနေ့မှစ၍ စက်တင်ဘာ လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာလနှင့် ဒီဇင်ဘာလတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဆက်သွယ်ရေးနှင့် နည်းပညာ ကျွမ်းကျင်သူများကို အဓိကထားခေါ်ယူသွားမည်ဟု သိရသည်။
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com