ရွှေလီ၊ ဇူလိုင် ၃
မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်များ အရောင်းဝယ်အေးလျှက်ရှိနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ တရုတ်ဖိနပ်များ အဓိကထား တင်ပို့သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြန်မာနိုင်ငံဘက်မှကုန်သည်များ အ၀င်နည်းသဖြင့် ယခုကဲ့သို့ ဈေးကွက်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကဒီကနေယူကြတာရန်ကုန်ကကုန်သည်တွေများတယ်၊မန္တလေး၊ကလေ၊တမူးဘက်ကကုန်သည်တွေလည်းလာကြတယ်”ဟု
ထိုက်လီဈေးရှိ ဖိနပ်ကုန်သည်များက ပြောသည်။
ယခုအခါတွင် မိုးစီးဖိနပ်များထက် အလှစီးဖိနပ်များ ပိုမိုရောင်းချရကြောင်း သိရသည်။ ရွှေလီမြို့ဖိနပ်ဈေးမှာ ယခုကာလပေါက်ဈေးအဖြစ် ဖိနပ်တစ်ရံလျှင် တရုတ်ယွမ်ငွေ အနိမ့်ဆုံး(၆.၅)ယွမ်မှ စပြီးဖိနပ်အနေအထားလိုက် ဈေးနှုန်းမြင့်တက်သွားကြာင်း သိရသည်။ ယခုအခါတွင် တရုတ်ယွမ်ငွေဈေးနှုန်း အနည်ငယ်ပြန်ကျလာပြီး တရုတ်ငွေတစ်ယွမ်လျှင် မြန်မာကျပ်ငွေ(၁၅၇.၄)ကျပ်
နှုန်းရှိနေကြောင်း သိရသည်။
ယခုကာလသည် မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲခြင်း၊ တောင်သူများသီးနှံများ မပေါ်သေးခြင်း၊ ၀ါတွင်းကာလဖြစ်းခြင်း တို့ကြောင့် ယခုကဲ့သို့ ဖိနပ်ဈေးကွက်များ အေးနေခြင်းဖြစ်ကြောင်း ရွှေလီမြို့ ဒေသခံများထံမှ သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်
မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်မျာအရောင်းဝယ် အေးလျှက်ရှိနေ
Labels:
ပြည်တွင်းသတင်း