http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေဘိုတွင် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး

ရွှေဘို၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စည်းကမ်းပျက်ယာဉ်များကို ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ဦးစီး၍ ဖမ်းဆီးလျက်ရှိကြောင်း ရွှေဘိုမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းခန့်က စတင်၍ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက် ဈေးတန်းလမ်းမတော်ရှိ ရွှေတောင် စားသောက်ဆိုင်အနီးတွင် ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များ အရေးယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၈ ရက်နေ့က စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၂၄၁ စီး၊ မော်တော်ယာဉ် နှစ်စီးနှင့် ထော်လာဂျီ တစ်စီးကို အရေးယူခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“ပညာပေးရင်း အရေးယူလုပ်ငန်းကို အရှိန်အဟုန်နဲ့ လမ်းဆုံလမ်းခွတွေမှာ စောင့်ကြပ်ဖမ်းနေတယ်။ တစ်ရက်ကို အနည်းဆုံး အမှု ၃၀ ကနေ အမှု ၅၀ အထိရှိတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ရွှေဘိုမြို့တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပညာပေးခြင်းနှင့် အရေးယူ ဆောင်ရွက်မှုကို အပတ်စဉ် ဆောင်ရွက်လျက် ရှိသော်လည်း ယာဉ်စည်းကမ်း လိုက်နာမှုတွင် အားနည်းလျက် ရှိနေသေးကြောင်း ယင်းကော်မတီအဖွဲ့ဝင် ရဲအုပ် ရဲခေါင်က ပြောကြားသည်။

“နေ့တိုင်းဖမ်းနေတယ်။ တစ်ရက်ကို ဆိုင်ကယ် အစီး ၅၀၊ ၆၀ မကဘူး။ ခါတိုင်း ဒီလောက်မဖမ်းဘူး။ တစ်လမှ တစ်ခါပဲ ဖမ်းတယ်။ အခုနေ့တိုင်းလိုလို လူစည်တဲ့ နေရာတွေ ဖမ်းနေကြတယ်။ ဒါကြောင့် အိမ်ကကလေးတွေ ဆိုင်ကယ်နဲ့သွားရင် ဦးထုပ်ဆောင်းဖို့ ပြောနေရတယ်။ တစ်ခါ တစ်ခါဖမ်းမိရင် မလွယ်ဘူး” ဟု ရွှေဘိုမြို့ဒေသခံ ဦးကျော်အေးက ဆိုသည်။

ယာဉ်စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ပေးဆောင်ရသည့် ဒဏ်ကြေးမှာ ကျပ်နှစ်ထောင်ခန့်သာ ရှိခြင်းကြောင့် ယာဉ်မောင်းသူ အများစုသည် လိုက်နာမှု အားနည်းလျက်ရှိပြီး အချို့မော်တော်ဆိုင်ကယ် စီးနင်းသူများသည် တာဝန်ကျဝန်ထမ်းများကိုပင် မချေမငံ ဆက်ဆံမှုများ ရှိသည်ဟု ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၄၈၇ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၈၉၄ ဦး ရှိပြီး သေဆုံးသူ ၁၀၈ ဦးအထိရှိရာ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ရွှေဘိုခရိုင်သည် ယာဉ်တိုက်မှု ၁၈၅ မှုတွင် ဒဏ်ရာရရှိသူ ၂၇၉ ရှိ၍ သေဆုံးသူ ၆၆ ဦးရှိပြီး ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်စာရင်းအရ သိရှိရသည်။
မိုးသောက် (ရွှေဘို)၊ LC
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com