http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေတိဂုံလမ်းညွှန် 3D လက်ကမ်းတင်ဒါ မသမာဟုဆို

ရန်ကုန်၊ သြဂုတ်၁၂
ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက် ဖူးမြော်လေ့ရှိသည့် ရွှေတိဂုံ စေတီတော်တွင် သွားလာဖူးမြော်ရ လွယ်ကူစေရန် လမ်းညွှန်စာရွက် ရိုက်နှိပ်ခြင်းလုပ်ငန်းကို ပထမဆုံး တင်ဒါခေါ်ယူခဲ့ရာတွင် မသမာမှုများ ရှိသည်ဟု တင်ဒါ တင်ခဲ့သူတစ်ဦးက ပြောကြားသည်။

စေတီတော်အတွက် လမ်းညွှန် 3D လက်ကမ်းစာရွက် ရိုက်နှိပ်ခြင်း လုပ်ငန်းကို ပထမဆုံး တင်ဒါ ခေါ်ယူခဲ့ရာတွင် ယခင်ကတည်းက လုပ်ကိုင်နေသူ တစ်ဦးသာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့တင်ဒါ ယှဉ်ပြိုင်ရာတွင် တင်ဒါအောင်မြင်သွားသူသည် ၎င်းအောက် သက်သာစွာ တင်သွင်းသည့် ကျပ် ၆၀၊ ၇၀ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သူများကို ကျော်ကာ တစ်စောင်လျှင် ၉၂ ကျပ်ဖြင့် တင်ဒါလျှောက်ခဲ့ကာ ရရှိသွားကြောင်း၊ အခြားဈေးအနည်းဆုံး ပေးသူများမှာ ပြည့်စုံမှု မရှိဟုဆိုကာ တင်ဒါအရွေးမခံခဲ့ ရကြောင်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သူတစ်ဦးက ဆက်လက်ပြောကြားသည်။

“အရင်ကလို မဟုတ်တော့ဘူးဆိုတော့ သွားပြိုင်တယ်။ တကယ့်အဖြေ ထွက်လာတော့ အရင်လူပဲရတယ်။ ကျွန်တော်တို့လည်း ဈေးနည်းပါတယ်။ ဒါပေမဲ့မပြည့်စုံဘူးဆိုပြီး မရွေးဘူး” ဟု ၎င်းကဆိုသည်။

တင်ဒါရွေးချယ်မှုတွင် ဘုရားဂေါပက အဖွဲ့များသည် အစည်းအဝေးလုပ်၍ ရွေးချယ်ခြင်းသာဖြစ်ပြီး ဘုရားသမိုင်း၊ ဘုရားသို့ ဝင်ရောက်ရာလမ်း၊ တန်ခိုးကြီးဘုရားစသည့် ခရီးသွားများ လိုအပ်သည့် အချက်အလက် အပြည့်စုံဆုံးသူသာ ရရှိသွားခြင်း ဖြစ်ကြောင်း၊ အချက်အလက် ဆိုသည်မှာ ယခင်ကတည်းက လုပ်ကိုင်နေသူဖြစ်၍ ပိုမိုနားလည်နေခြင်းကြောင့် ဖြစ်ကြောင်း ရွှေတိဂုံဘုရား ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောဆိုသည်။

လုပ်ငန်းရှင်များသည် သြဂုတ်လ ၆ ရက်က တင်ဒါဖောင်၊ နမူနာ ၁၁ ရွက်နှင့် ငွေကျပ်ငါးသိန်းကို တင်သွင်းရပြီး ၇ ရက်နေ့တွင် စတင်ရွေးချယ်ခဲ့ရာ တင်ဒါအောင်မြင်သူသည် စောင်ရေရှစ်သိန်းကို သုံးလလျှင်တစ်ကြိမ် စောင်ရေတစ်သိန်းနှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကာ အင်္ဂလိပ် ဘာသာဖြင့် ကမ္ဘာလှည့် ခရီးသွားများကို အခမဲ့ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထက်အောင်ဖြိုး
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com