http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငါးရှဥ့် တင်ပို့မှု လေးလအတွင်း ကန်ဒေါ်လာ ၁၈ သန်းကျော် ရရှိ

ရန်ကုန်၊ သြဂုတ် ၆
တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိသော ငါးရှဥ့် တင်ပို့မှု လေးလအတွင်း အမေရိကန် ဒေါ်လာ ၁၈ သန်းကျော် ရရှိထားကြောင်း ငါးရှဥ့် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ပြည်ပသို့ ငါးရှဥ့် တင်ပို့မှုမှ လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၃၀ ရရှိရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဘဏ္ဍာရေးနှစ်အစ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ အထိ လေးလအတွင်း ငါးရှဥ့် ပို့ကုန် ရငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရရှိထားရာ ငါးရှဥ့် ပို့ကုန် လျာထားချက်၏ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ငါးရှဥ့် ကုန်ကြမ်း ထွက်အားကောင်းသည့် မိုးတွင်းကာလ ဖြစ်သော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့်ငါးရှဥ့် ဈေးကောင်းနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးရှဥ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဘသော်က ပြောကြားသည်။

သြဂုတ်လအတွင်း ငါးရှဥ့် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ရှိပြီး ငါးရှဥ့် ရှားပါးသည့်အချိန် ဖြစ်သည့် အောက်တိုဘာလခန့်တွင် ငါးရှဥ့်ဈေး မြင့် လာနိုင်ကြောင်း ပြည်တွင်း ငါးရှဥ့် လုပ်ငန်းရှင်များ က သုံးသပ်သည်။

“ဒီအတိုင်း ပြည်ပကို ဆက်ပို့မယ် ဆိုရင် မနှစ်က ပြည်ပ တင်ပို့ခဲ့တဲ့ အမေရိကန် ဒေါ်လာ ၄၈ သန်း ထက်ကျော်ပြီး သန်း ၆၀ နီးပါး ပို့နိုင်ပါ လိမ့်မယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

ငါးရှဥ့်ကို ပြည်တွင်း၌ စမ်းသပ် မွေးမြူမှု အနည်းငယ်သာ ရှိပြီး သဘာဝ ဖမ်းဆီးရမိမှုဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိရာ နယ်စပ်စခန်းများဖြစ်သော မူဆယ်၊ ချင်းရွှေဟော်တို့မှ တရုတ် ဈေးကွက်သို့ အဓိက တင်ပို့လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ငါးရှဥ့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွက် ရေထွက်ကုန် ပစ္စည်း ပြည်ပ တင်ပို့ရာ ပထမ လေးလ ကာလအတွင်း ငါးရှဥ့် တင်ပို့မှု လျာထားချက် အမေရိကန် ဒေါ်လာ သန်း ၃၀ တွင် ၆၀ ရာခိုင်နှုန်း တင်ပို့ထားပြီး ပို့ကုန်ရငွေ ရရှိမှု စာရင်းတွင် အများဆုံး နေရာတွင် ရပ်တည်လျက် ရှိပြီး ရေချိုငါး တင်ပို့မှုသည် လျာထားချက် အမေရိကန် ဒေါ်လာ သန်း ၁၂၀ တွင် ၂၂ ရာခိုင်နှုန်းသာ တင်ပို့နိုင်၍ ပို့ကုန် ရငွေ ရရှိမှု စာရင်းတွင် အောက် ဆုံးတွင် ရောက်ရှိလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com