http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အကြမ်းဖက်အန္တရာယ်ကြောင့် ကမ္ဘာအရပ်ရပ် အမေရိကန်သံရုံးများ တနင်္ဂနွေပိတ်မည်

ဝါရှင်တန်၊ သြဂုတ် ၂
အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကြောင့် အရှေ့အလယ်ပိုင်းဒေသ အပါအဝင် ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်သံရုံး အများစုကို လာမည့် တနင်္ဂနွေနေ့တွင် ပိတ်ထားမည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

သံတမန် အဆောက်အအုံများသာမက ပင်လယ်ရပ်ခြားဒေသရှိ အမေရိကန် အကျိုးစီးပွားများကိုလည်း ပစ်မှတ်ထား ခြိမ်းခြောက်ထားကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ခြိမ်းခြောက်မှု အန္တရာယ်မှာ ယုံကြည်ရပြီး ဖြစ်ပေါ်နိုင်ခြေများကြောင်း အဆိုပါအရာရှိက ပြောကြားသွားသည်။

ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်သံရုံးများ တနင်္ဂနွေနေ့တွင် ပုံမှန်ပိတ်သော်လည်း မွတ်ဆလင်ကမ္ဘာတွင် တနင်္ဂနွေနေ့၌ လုပ်ငန်းများ ဆောင်ရွက်လေ့ ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့သာမက အခြားသော ရက်များတွင်လည်း သံရုံးလုပ်ငန်းများ ရပ်ဆိုင်းထားနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

ဘာရိန်း၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်ထားမည်ဟု CBS သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်ကြောင်း ပုံမှန်ထက်ပိုသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် အမေရိကန်သံရုံးများကို ပိတ်ရခြင်းဖြစ်ကြောင်း အရာရှိတစ်ဦးက CNN သတင်းကို ပြောကြားသည်။

လစ်ဗျားရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ပြီးသည့် အချိန်နှင့် ရာမန်ဒီ ဘာသာရေးပွဲတော် ပြီးဆုံးခါနီး အချိန်တွင် ယခုကဲ့သို့သော ခြိမ်းခြောက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန် သံတမန် အဆောက်အအုံများ၏ လုံခြုံရေးကို တိုးမြှင့်ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်အတွင်း လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် သံအမတ်ကြီး အပါအဝင် အမေရိကန် နိုင်ငံသားလေးဦး သေဆုံးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com