http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူကြီးတွေကိုယ်တိုင် အောက်ခြေအထိဆင်းပြီး လေ့လာသုံးသပ်ဖို့ လို


မေး ။ ။ ဒီသေနတ်ပစ်အားကစားနည်းကို ဘာကြောင့် စိတ်ဝင်စားခဲ့တာလဲ။

ဖြေ ။ ။ ကျွန်တော်အရင်က တပ်မတော်ရေကပါ။ အဲဒီကနေ တိုင်းနယ်ပြည်နယ်ပြိုင်ပွဲတွေပစ်ပြီး သေနတ် ပစ်အဖွဲ့ချုပ်ကို ရောက်လာတာပါ။

မေး ။ ။ အစ်ကို သေနတ်ပစ်အားကစားနည်းကို ဘယ်နှစ်လောက်က စကစားခဲ့တာလဲဗျ။

ဖြေ ။ ။ သေနတ်ပစ်အဖွဲ့ချုပ်ကို ရောက်တာက ၁၉၉၇ ခုနှစ်ပါ။ ၁၉၉၈ လောက်မှာသေနတ်ပစ် ကစားနည်း မကစားဖြစ်ဘဲ အခြားလုပ်ငန်းတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၄ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျမှ ပြန်ကစားဖြစ်တာပါ။ လက်ရွေးစင်စ ဖြစ်တာလည်း ၂၀၀၇ ခုနှစ်ကျမှ စဖြစ်တာပါ။

မေး ။ ။ သေနတ်ပစ်ကစားနည်းကို စတင်ကစားတဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေရှိခဲ့သလဲ။

ဖြေ ။ ။ စပစ်တုန်းက သေနတ်တို့၊ ကျည်ဆံတို့က အခုချိန်လောက် မပေါပါဘူး။ အခုက အရင်ထက်စာရင် တော်ပါသေးတယ်။ အရင်တုန်းကဆို ဘာမှမရှိပါဘူး။ မရှိတဲ့ကြားထဲကပဲ လေ့ကျင့်ရတာပါ။

မေး ။ ။ လက်ရွေးစင်အဆင့် အောင်မြင်မှုလေးတွေ ပြောပေးပါဦး။

ဖြေ ။ ။ ၂၀၀၇ ယိုးဒယားဆီးဂိမ်းနဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲနှစ်ခုမှာ ဆုတံဆိပ် မရပါဘူး။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မလေးရှား နိုင်ငံမှာကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် ဆီဇာပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ် တစ်ခု ရခဲ့ပါတယ်။

မေး ။ ။ အရင်တုန်းက လေ့ကျင့်ရေးမှာ လေ့ကျင့်ရတဲ့ အသုံးအဆောင်ပစ္စည်းနဲ့ အခုလေ့ကျင့်ရတဲ့ အသုံးအဆောင်ပစ္စည်း ကွာဟချက်လေး ပြောပေးပါဦး။

ဖြေ ။ ။ နည်းနည်းတော့ ကွာပါတယ်။ အခုဆိုရင် တရုတ်နည်းပြနဲ့ လေ့ကျင့်တယ်။ တရုတ်နည်းပြက နည်း နည်း စည်းစနစ်ကြီးတယ်။ သူပြောတဲ့အချိန်မှာ အကုန်လုံး အတိအကျမျိုးပဲ လိုချင်တယ်။ အရင်တုန်းက နည်းပြတွေက အဲဒီလောက်ထိ တိတိကျကျ မရှိခဲ့ပါဘူး။ တရုတ်နည်းပြလက်ထက်မှာ ကျည်ဆံတွေ၊ သေ နတ်တွေက ပိုပြီးပေါပေါသီသီ သုံးစွဲလာနိုင်တဲ့အတွက် အရင်ထက်စာရင် ပိုအဆင်ပြေပါတယ်။

မေး ။ ။ ဒီလို အထောက်အကူပစ္စည်းက အောင်မြင်မှုအတွက် ဘယ်လောက် အရေး ပါတယ်လို့ ထင်သလဲ။

ဖြေ ။ ။ သေနတ်တွေ၊ ကျည်ဆံတွေ အများကြီးပံ့ပိုးမှုတွေရလာလို့ အောင်မြင်ဖို့ ပိုပြီးများလာတယ်။ ဒါပေမဲ့ အဲဒီထဲမှာ အခက်အခဲတွေ အနှောင့်အယှက်တွေကတော့ အများကြီးပါပဲ။ အခက်အခဲ အနှောင့်အယှက် ဆိုတာ အတွင်းရော၊ အပြင်ရောပေါ့။ အနှောင့်အယှက်တွေက ကိုယ်ကိုယ်တိုင်လည်း ဘာမှလုပ်လို့မရဘူး။ လူကြီးတွေ ကိုယ်တိုင်လာပြီး ကစားသမားနဲ့ သီးသန့်ဆွေးနွေးမှပဲ ဖြေရှင်းနိုင်မှာပါ။

မေး ။ ။ လာမယ့်ဆီးဂိမ်းမှာ သေနတ်ပစ် ကစားနည်းကနေ ရွှေတံဆိပ်လေးခုရဖို့ မှန်းထားတယ် ဆိုတဲ့ အပေါ်မှာရော။

ဖြေ ။ ။ ရွှေရမှာတော့ ကျိန်းသေပါတယ်။ ဒါပေမဲ့ တစ်ခုလား၊ နှစ်ခုလား၊ သုံးခုလား ဆိုတာတော့ မမှန်းတတ ပါဘူး။

မေး ။ ။ သေနတ်ပစ်အားကစားနည်းက စိတ်လဲတည်ငြိမ်ရတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက် ပြီး ဘယ်လိုလေ့ကျင့်လဲ။

ဖြေ ။ ။ မနက် ၈ နာရီထိုးတာနဲ့ ၁၅ မိနစ် တရားထိုင်ရပါတယ်။ တရုတ်နည်းပြက နေ့တိုင်း ၁၅ မိနစ်စီ တရား ထိုင်ခိုင်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနည်းပြက လေ့ကျင့်ရေး တင်လာတဲ့အခါကြတော့ တရားကို သီးသန့် မထိုင်တော့ဘဲ ဂိုးကမ့်ကနေ လယ်ဝေး အားကစားလေ့ကျင့်စခန်းကိုလာတဲ့ လမ်းမှာပဲ ကားပေါ်မှာ စကားမပြောဘဲ ငြိမ်ငြိမ်သက်သက်နဲ့ တရားထိုင်ခိုင်းပါတယ်။

မေး ။ ။ တရားထိုင်တာ ဒီထက်ပိုပြီး အချိန်ပေးထိုင်သင့်တယ်လို့ အစ်ကို့အနေနဲ့ ထင်လား ။

ဖြေ ။ ။ အများကြီး လေ့ကျင့်စရာတော့ မလိုဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်ပစ် အား ကစားနည်းက စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ နှစ်ခုစလုံးပေါင်းစပ်ပြီး လုပ်ရတာဖြစ်လို့ပါ။ ရုပ်ပိုင်းဆိုင်ရာအတွက် လည်း အမြဲတမ်းလေ့ကျင့်နေဖို့ လိုပါတယ်။

မေး ။ ။ နောက်ဆုံးအဆင့် လူရွေးချယ်ပွဲမှာပါနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်နေလဲ။

ဖြေ ။ ။ အခုတရုတ်က ပြန်လာတဲ့ A အဆင့်အဖွဲ့က ဒီ ၈ လပိုင်း ၅ ရက်မှာ ပြန်ရောက်လာပါပြီ။ ကျန်ခဲ့တဲ့ ကျွန်တော်တို့ B အဖွဲ့နဲ့ပေါင်းပြီး လူရွေးပွဲ ပြန်လုပ်မှာပါ။ လူရွေးပွဲအပြီးအထိ စောင့်ရပါဦးမယ်။ နောက်ဆုံး အဆင့် ပါနိုင်ဖို့အတွက် တရုတ်နည်းပြနဲ့ သေချာလေ့ကျင့်နေပါတယ်။ နောက်ဆုံး အဆင့်ထိပါဖို့ များပါ တယ်။

မေး ။ ။ လက်ရှိသေနတ်ပစ်အဖွဲ့ချုပ်မှာ ဘယ်လိုအားနည်းချက်၊ ဘယ်လို လိုအပ်ချက်မျိုးတွေ ရှိနေ သေးတယ်လို့ထင်လဲ။

ဖြေ ။ ။ ကျွန်တော်တို့က အဖွဲ့ချုပ်မှာ အငယ်တန်းအဆင့် ဖြစ်တဲ့အတွက် ပြောလို့ မရပါဘူး။ အကောင်းဆုံး က လူကြီးတွေ ကိုယ်တိုင် အောက်ခြေအထိဆင်းပြီး လေ့လာသုံးသပ်ဖို့ လိုပါတယ်။ သူတို့ကိုယ်တိုင် ကစား သမားတစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ ရှိနေတာကိုစုံစမ်းရင် ပိုကောင်းမှာပါ။ ဘယ်အရာမဆိုထင်သာ မြင် သာရှိဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။

မေး ။ ။ လက်ရှိသေနတ်ပစ်အဖွဲ့ချုပ်မှာ ကစားသမားအင်အား လုံလောက်မှုရှိတယ်လို့ ထင်လား။

ဖြေ ။ ။ လူအင်အားကတော့ လုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သင်းကို ကစားသမား သုံးယောက်စီပဲ ပါမှာလေ။ အခုက တစ်သင်းမှာ ကစားသမား ခြောက်လောက်ရှိနေပြီး အဲဒီ အထဲကနေမှ ကစားသမားသုံးယောက်ကို အပြီးသတ် ပြန်ရွေးရမှာပါ။

မေး ။ ။ သေနတ်ပစ်ကစားသမား တစ်ယောက်အနေနဲ့ လိုက်နာသင့်တဲ့ စည်းကမ်းတွေက ဘာတွေများလဲ။

ဖြေ ။ ။ အဓိက,က လက်နက်ခဲယမ်းတွေနဲ့လုပ်နေတဲ့အတွက် သေချာဂရုစိုက်ဖို့ လိုပါတယ်။ နောက်ပြီး သေနတ်ပစ်ကွင်းထဲ ၀င်လာရင် နံရံမှာကပ်ထားတဲ့ ကစားသမားတွေ လိုက်နာရမယ့်အချက် ၁၀ ချက်ရှိပါ တယ်။ အဲဒီ ၁၀ ချက်က အရေးကြီးဆုံးပါပဲ။

မေး ။ ။ အစ်ကိုအနေနဲ့ ပထမဆုံး သေနတ်ပစ်ပြိုင်ပွဲမှာ ဘယ်လို စိတ်လှုပ်ရှားမှုမျိုး ဖြစ်လဲ။

ဖြေ ။ ။ စစချင်းတုန်းက တော်တော် ရင်တုန်ပါတယ်။ တစ်ခါတစ်လေ သေနတ်တောင်လွတ်ကျမှာစိုးရတယ်။ အဲဒီလောက်ထိ ရင်တုန်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း ပစ်ရင်း ပစ်ရင်း အတွေ့အကြုံများလာတော့ ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး။

မေး ။ ။ အစ်ကိုအနေနဲ့ သေနတ်ပစ် အားကစားနည်း ဆီးဂိမ်းမှာအောင်မြင်ဖို့အတွက် ဘယ်လိုအကြံ ပေးချင်လဲ။

ဖြေ ။ ။ လေ့ကျင့်မှုပိုင်း၊ နည်းပြပိုင်းလည်း လုံလောက်မှုရှိပါတယ်။ ကျွန်တော်မြင်တာ တစ်ခုက ကစားသမား တွေ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ချမ်းသာမှု ကျေနပ်မှုရှိဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒါအရေးကြီးတယ်လို့ မြင်ပါ တယ်။ ကစားသမားတွေ စိတ်ပျော်ရွှင်မှ လေ့ကျင့်ရေးမှာ အကောင်းဆုံး လေ့ကျင့်နိုင်မှာပါ။
သောကြာ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com