http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လုံခြုံရေး စိုးရိမ်ရမှုကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေနေ့တွင် ပိတ်မည်

Friday, Augest 02, 2013
လုံခြုံရေး စိုးရိမ်ခြင်းကြောင့် အရေအတွက် မည်မျှဟုမဆိုဘဲ ကမ္ဘာတစ်ဝှမ်းမှ သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ယမန်နေ့က ပြောကြားသည်။

င်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ မယ်ရီဟားဖ်က ယခုလုပ်ဆောင်ခြင်းသည် ကြိုတင် ကာကွယ်ခြင်းဟုဆိုပြီး ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောကြားရေး မည်သည့် သံရုံးများကို ပိတ်သိမ်းမည်ဆိုသည်ကို ပြောကြားခြင်း မရှိပေ။

“နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနဟာ တချို့သံရုံးတွေ အမေရိကန် ကောင်စီတွေကို သြဂုတ် ၄ ရက် တနင်္ဂနွေမှာ ပိတ်ဖို့ ဒါမှမဟုတ် လုပ်ငန်းတွေ ရပ်နားဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် “ကျွန်မတို့နိုင်ငံက ဝန်ထမ်းတွေနဲ့ ကျွန်မတို့ ဖွင့်ထားတဲ့ ရုံးတွေကို လာရောက်ကြတဲ့ အခြားသူတွေအတွက် သတိကြီးစွာထားမှု”ကြောင့် ဖြစ်လာရခြင်းဖြစ်သည်
ဟုလည်း ပြောကြားသည်။သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်မည်ဖြစ်ပြီး နောက်ပိုင်း ပြန်ဖွင့်မဖွင့်ကို အကဲဖြတ်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“နောက်ထပ်ပိတ်ရက် ထပ်တိုးတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့မည်သည့် အခြမ်းတွင် ခြိမ်းခြောက်ခံ နေရကြောင်း ထုတ်ဖော်ပြောကြားရန်ကိုမူ ငြင်းဆန်သည်။

အမေရိကရှိ အစိုးရရုံးများသည် တနင်္ဂနွေနေ့တွင် အမြဲတမ်းနီးပါး ပိတ်လေ့ရှိပြီး မွတ်ဆလင်အများစု နိုင်ငံများတွင်မူ တနင်္ဂနွေနေ့သည် အလုပ်လုပ်မည့် ရက်သတ္တပတ် တစ်ပတ်တာ၏ အစရက်ဖြစ်သည်။
အမေရိကန်သည် ဘင်္ဂါဇီမြို့လစ်ဗျားနိုင်ငံရှိ သံရုံးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၁၁ တွင် တိုက်ခိုက် ခံရပြီးစဉ်က စ၍ လုံခြုံရေးကို အထူးသတိထား နေခဲ့သည်။

တိုက်ခိုက်မှုကြောင့် သံအမတ်ခရစ်စ်စတီဗင်စ် အပါအဝင် အမေရိကန်လေးဦး သေဆုံးခဲ့ရပြီး လွှတ်တော်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ လုံခြုံရေး မလုံလောက်မှုကို စွပ်စွဲသည့် စွပ်စွဲသူများ ပေါ်စေခဲ့သည်။
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com