http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နယူးဇီလန်နှင့် သြစတြေးလျထုတ် နို့မှုန့်များ တင်သွင်းခွင့် တရုတ် ပိတ်ပင်

ဘေဂျင်း၊ သြဂုတ် ၅
တရုတ်နိုင်ငံထုတ် ကလေးနို့မှုန့်များတွင် လူကို အန္တရာယ် ဖြစ်စေသော မယ်လမင်းဓာတ် ပါဝင်ခဲ့ခြင်းကြောင့် ပြည်တွင်းထုတ် နို့မှုန့်များထက် ပြည်ပ ထုတ် နို့မှုန့်များကို အဓိက ဝယ်ယူစားသုံးနေသော တရုတ်တွင် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံထုတ် နို့မှုန့် အချို့တွင် ကျန်းမာရေးကို ထိခိုက်စေသော ဗက်တီးရီးယားများ ပါဝင်နေခြင်းကြောင့် တရုတ်သို့ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ တင်ပို့သော နို့မှုန့်များတွင် ၉၀ ရာခိုင်နှုန်းမှာ နယူးဇီလန်ထွက် ပစ္စည်းများဖြစ်ရာ ယခုကဲ့သို့ နယူးဇီလန်နိုင်ငံထွက် နို့မှုန့်များကို တရုတ်သို့ တင်သွင်း ရောင်းချခွင့် ပိတ်ပင်သည့် ကာလ ရှည်ကြာပါက တရုတ်နိုင်ငံ တွင် နို့ထွက်ပစ္စည်း ရှားပါးမှု ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များ က ပြောကြားသည်။

နို့ထွက်ပစ္စည်း တင်ပို့ ရောင်းချရာတွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော နယူးဇီလန်ရှိ Fonterra Group ကုမ္ပဏီက ၎င်းကုမ္ပဏီထုတ် နို့ရည်ကြည် ပရိုတင်းပစ္စည်း အတွဲ သုံးခုတွင် အဆိပ်သင့်ဝေဒနာ ခံစားရနိုင်သည့် ဗက်တီးရီးယားပိုး ပါသွားခဲ့ကြောင်း စနေနေ့က ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် အဆိုပါ နို့ရည်ကြည် ပရိုတင်းပစ္စည်း အတွဲ သုံးတွဲမှာ ၎င်းကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း များတွင် သုံးစွဲရန် မဟုတ်ဘဲ အခြား အစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီများသို့ ရောင်းချရန်ဖြစ် ကြောင်း၊ သို့သော် အဆိုပါ နို့ရည်ကြည် ပရိုတင်းများကို ပြန်လည် သိမ်းဆည်း မည် ဖြစ်ကြောင်း နယူးဇီလန် အခြေစိုက် Fonterra Group နို့နှင့် နို့ထွက် ပစ္စည်း ရောင်းချသည့် ကုမ္ပဏီက ပြောကြား သည်။

အဆိုပါ ဗက်တီးရီးယားပိုး (botulism) သည် လူကို သေစေနိုင်ပြီး ယင်းအစားအစာကို စားပြီးသည့် နောက် ၃၆ နာရီအတွင်း ရောဂါ လက္ခဏာ ပြလေ့ရှိကာ သွက်ချာပါဒဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်း အန္တရာယ်ဖြစ်ခြင်း ဝေဒနာကို ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျုက ပြောကြားသည်။

နို့ထွက်ပစ္စည်း လုပ်ငန်းမှာ နယူးဇီလန် နိုင်ငံ၏ အဓိက ပင်မလုပ်ငန်း တစ်ခု ဖြစ်ပြီး နို့ထွက်ပစ္စည်း ကဏ္ဍမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ထိ ဝင်ငွေ ရရှိလျက်ရှိရာ နယူးဇီလန် စုစု ပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၃ ရာခိုင်နှုန်း ရှိသည်။

တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က ကလေး နို့မှုန့်များတွင် လူကို အန္တရာယ် ဖြစ်စေသော မယ်လမင်းဓာတ် ပါဝင်ခြင်းကြောင့် ကလေး ၁၀ ဦးကျော်ခန့် သေဆုံးခဲ့ရပြီး ထောင်ပေါင်းမျာစွာ ဆေးရုံတင် ကုသခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်တွင် Fonterra Group က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော တရုတ် Sanlu အုပ်စု စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်သူများ၊ ပတ်သက်နေသူ ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သေဒဏ် ပေးခဲ့သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com