http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား လိုင်ဇာ သွားခွင့်မရ

မြစ်ကြီးနား၊ သြဂုတ် ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားကို ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

ကင်တားနားသည် ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) နှင့် မြစ်ကြီးနားမြို့တွင် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံရာစဉ် လိုင်ဇာမြို့သို့ လာရောက်ခွင့် ပြု မပြု ဆိုသည်ကိုသာ ဆွေးနွေးခဲ့ပြီး အခြား မည်သည့် အကြောင်းအရာကိုမှ ဆွေးနွေးခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အစိုးရက သွားခွင့် မပြုတာ Technical Team အနေနဲ့ရော၊ ကေအိုင်အို အနေနဲ့ရော၊ ဒုက္ခသည်တွေ ရဲ့ ကိုယ်စား အနေနဲ့ရော အရမ်း စိတ်မကောင်း ဖြစ်ရတယ်။ သူကိုယ်တိုင် သွားရောက်နိုင်ရင်တော့ UN ရဲ့ ပါဝင် ဆောင်ရွက်နိုင်မှု ပိုအားကောင်းလာနိုင်တယ်” ဟု ဦးဒေါင်ခါးက ပြောဆိုသည်။

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့ခြင်းနင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်ထံ ဆက်သွယ် မေးမြန်းရာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် သွားရောက်မည့် နေရာများကို အစိုးရနှင့် ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်သဖြင့် ယင်းညှိနှိုင်းမှုတွင် ပါဝင်သည့် နေရာများကိုသာ သွားရောက်ခွင့် လေ့လာခွင့် ရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

“လိုင်ဇာက ကြိုတင် ညှိနှိုင်းထားတဲ့အထဲမှာ ပါလား မပါလားတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလတွင် ပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကင်တားနားသည် သြဂုတ်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ်တွင် ရောက်ရှိနေပြီး ဒေသခံ လူမှု အဖွဲ့အစည်း များ၊ အစိုးရ အဖွဲ့တို့ကိုလည်း တွေ့ဆုံခဲ့သည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခု ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်သွားမှာပါ” ဟု ကင်တားနားက ဆိုသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကင်တားနား တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

ကင်တားနားကို လိုင်ဇာသို့ သွားရောက်ခွင့် မပြုရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သတင်း မီဒီယာများက ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ကို တွေ့ဆုံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဝန်ကြီးက တွေ့ဆုံခွင့် မပေးခဲ့ပေ။

မစ္စတာ ကင်တားနားသည် ကချင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာရောက်သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေ၊ ပဋိပက္ခ အခြေအနေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို လေ့လာ ဆန်းစစ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထား သည်။

သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့တို့၌ ဘင်္ဂါလီများကို တစ်ဖက်သတ် ဘက်လိုက်ကာ အစီရင်ခံစာများကို ရေးသားသည်ဟု ဆိုကာ ဒေသခံများ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com