http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အာဖဂန်စစ်တပ်၏ လုံခြုံရေးစွမ်းရည်အပေါ် မေးခွန်းထုတ်နေကြ

အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဖဂန်စစ်တပ်၏ လုံခြုံရေးစွမ်းရည်အပေါ် စိုးရိမ်နေကြကြောင်း သြဂုတ် ၅ ရက်က အေအက်ဖ်ပီသတင်း ဌာနမှဖော်ပြထားသည်။

ယင်းဖြစ်ရပ်ကြောင့် အနောက်နိုင်ငံစစ်တပ်များ ရုပ်သိမ်းတော့မည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် တိုင်းပြည် လုံခြုံရေးအား လက်တွေ့တာဝန်ယူရတော့မည့် အာဖဂန်၏စွမ်းရည်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်,နှစ်လောက်က သူတို့ရဲ့အရည်အသွေးတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့ တွေအများကြီး တိုးတက်လာပါပြီ။လူအများထောက်ခံမှုကို ရရှိစေတဲ့ စစ်ဆင်ရေးတွေကို သူတို့ဆင်နွှဲနေ ပါပြီ” ဟု နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ (ISAF) ၏ တပ်မှူးဟောင်းဖြစ်သူ ဂျွန်အယ်လန်က ပြောကြား လိုက်သည်။

“သူတို့အနေနဲ့ လုံးဝဥဿုံအဆင်သင့်မဖြစ်သေးပေမယ့် တာဝန်တွေလွှဲပြောင်းရယူဖို့တော့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ကတော့ အာဖဂန်အမျိုးသားလုံခြုံရေးတပ်တွေကို တိုးတက်မှုရှိစေဖို့အတွက် အကြံဉာဏ်ပေးတာတွေ၊ ကူညီထောက်ပံ့တာတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

ယခုကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသော်လည်း တာလီဘန်အုပ်စိုးသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ပြန်လည်ဖြစ်လာနိုင်ဖွယ်မရှိဟု အာဖဂန်နစ္စတန်ဆိုင်ရာ နေတိုးအဖွဲ့၏တပ်မှူးဟောင်း ဂျွန်အယ်လန်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်မှာ အာဖဂန်နိုင်ငံအရှေ့ပိုင်း ဂျလာဘတ်မြို့ရှိ အိနိ္ဒယကောင်စစ်ဝန်ရုံးအား ဦးတည်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး လူပေါင်းကိုးဦးထက်မနည်းသေဆုံးခဲ့ရာ အများစုမှာ ကလေးသူငယ်များ ဖြစ်ကြသည်။

နိုင်ငံတကာတပ်များ၏ ထောက်ပံ့ကူညီမှုများမှာ ၂၀၁၄ ခုနှစ် နောက်ပိုင်းအထိသာဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်မှ ၎င်း၏တပ်အင်အားလျှော့ချမည်ဖြစ်သည်။ ယင်းသို့လျှော့ချခြင်းမှာ ၀ါရှင်တန်နှင့်ကဘူးလ် အစိုးရအကြားနီးကပ်သည့် လုံခြုံရေးသဘောတူညီချက်စတင်မည့် အချိန်တွင် ဖြစ်သည်ဟု ဗိုလ်ချုပ် အယ်လန်ကဆိုသည်။
Mizzima - News in Burmese, AFP

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com