http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆီးဂိမ်းစ်အတွက် ပြင်ဆင်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ လူစာရင်း ထုတ်ပြန်

Thursday, 01 August 2013၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲနှင့် ခြေစမ်းပွဲများ အတွက် ပြင်ဆင် လေ့ကျင့်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း လူစာရင်းကို  အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာ ၏ ရွေးချယ်မှုဖြင့် ယနေ့ သြဂုတ်လ (၁)ရက်နေ့က ထုတ်ပြန် လိုက်သည်။ အဆိုပါ လူစာရင်းတွင် ကစားသမား (၃၀)ဦး ပါရှိပြီး ဆီးဂိမ်းစ် မတိုင်မီ ကစားရန် ရှိသည့် ခြေစမ်းပွဲများ၊ ဖိတ်ခေါ် ပြိုင်ပွဲများ အတွက် စခန်းသွင်း လေ့ကျင့်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်။

ပတ်ဆောင်ဟွာ ရွေးချယ်ထားသည့် လူစာရင်းတွင် ရန်ကုန် ယူနိုက်တက်မှ (၄)ဦး၊ ရတနာပုံ အက်ဖ်စီမှ (၆)ဦး၊ ကမ္ဘောဇ အက်ဖ်စီမှ (၂)ဦး၊ မကွေးအက်ဖ်စီ မှ (၅)ဦး၊ ဇေယျာရွှေမြေ အက်ဖ်စီ မှ (၄)ဦး၊ ဆောက်သမ်း မြန်မာ အက်ဖ်စီမှ (၁)ဦး၊ ဟံသာဝတီ ယူနိုက်တက်မှ (၂)ဦး၊ ရခိုင် ယူနိုက်တက်မှ (၃)ဦး၊ ဧရာဝတီ ယူနိုက်တက်မှ (၃)ဦး ပါဝင်ပြီး  သြဂုတ်လ ၁၂ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ စခန်းဝင် လေ့ကျင့်သွား မည်ဖြစ်သည်။

ပဏာမ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကာ အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ သွားရောက် လေ့ကျင့် ခြေစမ်း ကစားရန် စီစဉ်ထားသည်။

ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမား စာရင်း

ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ)

နောက်တန်း - သိန်းသန်းဝင်း (ကမ္ဘောဇ)၊ နန္ဒကျော် (မကွေး)၊ ကောင်းမြတ်ဦး (ရခိုင်)၊ ဇော်မင်းထွန်း၊ ရဲလင်းအောင်၊ ရန်အောင်ဝင်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ မင်းကိုသူ (ရခိုင်)၊ အောင်ဇော် (ဟံသာဝတီ)

အလယ်တန်း - မောင်မောင်သန့် (ရခိုင်)၊ ဆက်ဖြိုးဝေ (ရန်ကုန်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊ ထူးထူးအောင် (မကွေး)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ဟိန်းဇာအောင် (မကွေး)၊ နန္ဒလင်းကျော်ချစ် (ဧရာဝတီ)၊ မျိုးဇော်ဦး (မကွေး)၊ ကြည်လင်း (ရန်ကုန်)၊ စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ)

ရှေ့တန်း - ကောင်းစည်သူ၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)
Okocha
Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com