http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အရစ်ကျဖုန်းဝယ်ထားသူများ စာချုပ်ရရှိရန် ကျပ်တစ်သောင်း ထပ်မံပေးရ

အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူထား သူအချို့မှာစာချုပ်ရရှိရေးအတွက် ကျပ် တစ်သောင်း ထပ်မံပေးနေရသည်ဟု ဖုန်းဝယ်ယူထားသူများမှ သိရသည်။

''ဖုန်းစာချုပ်ဆိုပြီး အကြောင်းကြား လို့စာချုပ်သွားယူပါတယ်။ ဟိုရောက် တော့စာချုပ်အတွက် ကျပ်တစ်သောင်းပေး ရမယ်။ ဒီငွေကို ကျွန်တော်တို့ဆိုင်က တောင်းတာမဟုတ်ဘူး။ ဆက်သွယ်ရေးက တောင်းလို့ ယူရတာပါလို့ ပြောပါတယ်'' ဟု စမ်းချောင်းမြို့နယ်မှ အရစ်ကျဖုန်း ဝယ်ယူထားသူမသန်းသန်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျပ် နှစ်သိန်းတန်ဖုန်းများအား အရစ်ကျရောင်း ချပေးသည့် စမ်းချောင်းမြို့နယ်ရှိ ဖုန်း ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက အရစ်ကျဖုန်းဝယ်ယူထားသူများ စာချုပ် ရရှိရေးအတွက် ကျပ်တစ်သောင်းကောက် ယူသည်မှာမှန်ကန်ကြောင်း၊ ယင်းငွေကို ဆိုင်မှယူခြင်းမဟုတ်ကြောင်း ဖုန်းတစ် ဆင့်ဝယ်ယူရ သည့် မြန်မာ့ဆက်သွယ်ရေး ဌာနမှယူခြင်းဖြစ်ကြောင်း စာချုပ်ရရှိရေး အတွက် ဆိုင်မှ ငွေများစိုက်၍ယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့်စိုက်ငွေပြန်ရ ရှိရေးအ တွက် တောင်းခံခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းသို့ အရစ်ကျဖုန်းများ အား စာချုပ်ရရှိရေးအတွက် ကျပ်တစ် သောင်းပေးသွင်းရမှုတွင် မြန်မာ့ဆက် သွယ်ရေးမှ တိုက်ရိုက်ရောင်းချထားသည့် ဖုန်းများပါဝင်ခြင်းမရှိဘဲ မိုဘိုင်းဖုန်းဆိုင် များမှတစ်ဆင့် ဝယ်ယူထားသည့်ဖုန်းများ သာဖြစ်ကြောင်း သိရသည်။

အရစ်ကျမိုဘိုင်းဖုန်းရောင်းချမှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အထွေထွေမန်နေဂျာဦးကျော်စိုး ဝင်းက ''ဖုန်းစာချုပ်ရဖို့ ဘာငွေမှ ပေးစရာ မလိုပါဘူး။ ကောက်လည်းမကောက်ဘူး။
သူတို့သွင်းထားတဲ့ ငွေတော်တော်များနေ ပါပြီ။ အခုတစ်ထောင့်ငါးရာ တန်ဖုန်း တောင်ပေါ်နေပြီဆိုတော့ ဘယ်လိုနည်း နဲ့မှ မကောက်ပါဘူး'' ဟုပြောသည်။

ယင်းအပြင် ဖုန်းစာချုပ်များအား ဖုန်းများ ရောင်းချပေးသည့်သက်ဆိုင်ရာ တိုင်းမန်နေဂျာရုံး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများ၌ ဖုန်းဝယ်ခဲ့သည့်အထောက် အထားများပြ၍ယူနိုင်ကြောင်း၊ အဆိုပါ ရုံးများမှ ငွေတောင်းခံခြင်းများပြုပါက တိုင်ကြားနိုင်ကြောင်း ¤င်းကဆက်လက် ပြောသည်။

ကျပ်နှစ်သိန်းတန်ဂျီဖုန်းများ ကို မြန်မာ့ဆက်သွယ်ရေးနှင့်ပုဂ္ဂလိကဖုန်း ဆိုင်များကအရစ်ကျရောင်းချခြင်းကို၂ဝ၁၂ ခုနှစ်ကုန်ပိုင်း တွင်ပြုလုပ်ခဲ့ပြီး မြန်မာ့ဆက် သွယ်ရေးမှကနဦးပေးသွင်းငွေ ကျပ်လေး သောင်း၊ မိုဘိုင်းဖုန်းဆိုင်များမှ ကျပ်ခြောက် သောင်းဖြင့် ရောင်းချခဲ့သည်။
အောင်ဇော်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com