Microsoft ကုမ္ပဏီအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းပိုင်းဆိုင်ရာ မဟာဗျူဟာများကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း #CEO ဖြစ်သူ စတိဗ် ဘောလ်မားက ဝန်ထမ်းများထံ ယနေ့နေ့စွဲဖြင့် ရုံးတွင်းစာ ပေးပို့ပြောကြားလိုက်သည်။ #Microsoft တွင် ဦးဆောင်မှုကဏ္ဍ အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း အဆိုပါ စာတွင် ပါရှိသည်။
ထို့်အပြင် လုပ်ငန်းပိုင်းဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲအဖြစ် Microsoft က software ခေတ်တစ်ခေတ် ထူထောင်ခဲ့ခြင်းမှ ခွဲထွက်ကာ မိုဘိုင်းလ် အသုံးအဆောင်နှင့် ဝန်ဆောင်မှု (#mobile #devices and #services) လုပ်ငန်းများကို ပိုပိုအာရုံစိုက် လုပ်ဆောင်သွားမည်ဟုဆိုသည်။
Planet Myanmar Network